25 C
Yangon

ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုကျေးရွာရှိ စစ်ကောင်စီ ကင်းစခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မီးရှို့၊ စစ်သားများ ထွက်ပြေးသွား

Must read

ရန်ကုန်၊ မေ ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်တပ်စွဲထားသော ကင်းစခန်းတစ်ခုကို ယနေ့ မေလ ၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်စဉ် စစ်သားများ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ကင်းစခန်းတွင် စစ်သား ၃၀ ကျော် စခန်းချနေထိုင်ပြီး KNU တပ်မဟာ ၁၊ တပ်ခွဲ ၃ တပ်ဖွဲ့များနှင့် ဒေသခံ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် စစ်သားများ ထွက်ပြေးသွားသောကြောင့် စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုထံမှ သိရှိရသည်။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို ရန်ကုန်ခေတ်သစ်က ဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေအတွင်း၌ တည်ရှိပြီး စစ်ကောင်စီ၏ ဂိတ်စခန်းများ၊ စစ်ယာဉ်တန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

ဓါတ်ပုံ – စစ်ကောင်စီကင်းစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မီးရှို့ရှင်းလင်းစဉ်

Photo Credit – KRIN

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article