25 C
Yangon

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းနှင့် ဆိပ်ခွန်ရွာကြားတွင် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက်၊ စစ်သား ၃၀ ခန့် ထိခိုက်သေဆုံးနိုင်

Must read

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းနှင့် ဆိပ်ခွန်ရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မေလ ၂ ရက်နှင့် ၃ ရက်တွင် လိုက်လံ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရကာ စစ်သား ၃၀ ခန့် ထိခိုက်သေဆုံးနိုင်ကြောင်း C&T Shwebo အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေးစစ်ကြောင်းသည် တပင်ခေါင်းရွာနှင့် ကျားရွာများကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းဖြစ်ပြီး ဒေသခံ ကာကွယ်ရေးတ်ပဖွဲ့များဖြစ်သော SNAKE EYES PDF၊ C&T SHWEBO၊ ဒေါင်းမာန်၊ ဗိုလ်ကျားရိုင်း ပ.က.ဖ၊ Alpha 7၊ မဟူရာဇီးကွက်(ဒီပဲယင်း)၊ ပြုံးရွှင်(ဒီပဲယင်း)၊ အရာတော်ရွှေဂျိုးဖြူ၊ People Defense Force Shweboနှင့် B F D F နဂါးတပ်စုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်သားများသည် ဒေသခံရွာသားအချို့ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုနေခြင်းကြောင့် ဒေသခံ ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာလာခဲ့ခြင်းဖြစ်ကြောင်း C&T Shwebo အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – ဆိပ်ခွန်ရွာအတွင်း တွေ့ရသော အကြမ်းဖက်စစ်သားများ၏ အသုံးအဆောင်ပစ္စည်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article