36 C
Yangon

ဖားကန့်မြို့နယ် မှော်ပုံကျေးရွာကို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်သဖြင့် ဦးမောင်ထူးနှင့်ဦးရုံကွေ့တို့ ၂ ဦး ထိမှန်သေဆုံး

Must read

ရန်ကုန်၊ မေ ၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်ပုံကျေးရွာကို မေလ ၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦး လက်နက်ကြီးထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

သေဆုံးသွားသူများမှာ ဦးရုံးကွေ အသက် (၆၃)နှစ်နှင့် ဦးမောင်ထူး အသက် (၄၅)နှစ်တို့ ဖြစ်ကြပြီး လက်နက်ကြီး ကျစဥ် နေရာတွင်ပင် ‎သေဆုံးသွားကြခြင်းဖြစ်သည်။

“ဦးရုံးကွေ အသက် (၆၃)နှစ် ထမင်းဆိုင်ပိုင်ရှင်ပါ။ ရှမ်းလူမျိုး။ ဦးမောင်ထူးက အသက် (၄၅)နှစ် ဈေးဝယ်လာသူ။ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က တမင်တကာ ပစ်ခတ်ခဲ့တာပါ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

စစ်တပ်က လက်နက်ကြီးများကို တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ တစ်ဖက်သတ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မေ ၄ ရက်နေ့ မနက်ပိုင်းကလည်း လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး တစ်လုံးပေါက်ကွဲခဲ့ပြီး တစ်လုံးမကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article