37 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ၊မော်တောင်းရွာအနီးတွင် စစ်သားများလိုက်ပါသော ကား မိုင်းဆွဲခံရပြီး စစ်သား ၁၁ ဦးနှင့် ယာဉ်မောင်းအရပ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်နှင့်မော်တောင်းအကြား မော်တောင်းကျေးရွာအနီး စစ်တပ်က ချောဆွဲလာသည့် ကားကို ဒေသတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က လက်နက်ကြီးများ၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ရာ စစ်သား ၁၁ ဦး၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် အရပ်သား ၂ ဦး စုစုပေါင်း ၁၃ ဦးသေဆုံးကြောင်း သိရှိရသည်။

မေလ ၄ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် မူဆယ်မြို့နယ် မော့တောင်းရွာအနီး မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းပိုင်း နမ့်ဖက်ကာနှင့် မူဆယ်ကြားမှ မော့တောင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရှမ်းမြောက် ၁၀၅ မိုင်နဲ့မော်တောင်းကြား မော်တောင်းရွာအနီးချောဆွဲလာတဲ့ ဖိုးဝှီးကား လက်နက် ကြီး၊ ဆွဲမိုင်းတွေ ထိပြီး ကားမှောက်တယ်။ ကားသမားနဲ့ယာဉ်နောက်လိုက် အရပ်သား ၂ ဦးသေတယ်။ စစ်ခွေး ၁၀ ဦးနဲ့ ပြည်သူ့စစ် ၁ ဦး သေတယ်။ တပ်ကြပ်ကြီး ၁ ဦးဒါဏ်ရာရတယ်” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားကြသည့် စစ်သားအလောင်း ၁၁ လောင်းကို စစ်တပ်က ၎င်းတို့၏ အစီအစဉ်ဖြင့် သယ်ယူကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်ချောဆွဲ၍ လိုက်ပို့စဉ် မိုင်းဆွဲမှုကြောင့် သေဆုံးသွားသည့် ယာဉ်မောင်း အရပ်သား ၂ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article