38 C
Yangon

စစ်သား ၂ ဦးက လက်နက် ၃ လက် သယ်ဆောင်လာပြီး CDF မတူပီထံတွင် CDM လုပ် အလင်းဝင်၊ လက်နက်များ ပြန်ရရေး စစ်တပ်က ပြည်သူများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက် ဓားစာခံလုပ်နေ

Must read

ရန်ကုန်၊ မေ ၅

စစ်ကောင်စီတပ်မှ စစ်သား ၂ ဦးက လက်နက် ၃ လက် သယ်ဆောင်လာပြီး CDF မတူပီထံတွင် CDM လုပ် အလင်းဝင်လိုက်ပြီး စစ်တပ်က လက်နက်များ ပြန်ရရေး ပြည်သူများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက် ဓားစာခံလုပ်နေကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။

မတူပီအခြေစိုက် စစ်ကောင်စီ စစ်ဗျူဟာစခန်းမှ တပ်သား ချစ်ကိုကို တ/၃၈၇၆၈ ၊ မုံရွာ အခြေစိုက် ထပရ ၉၂၉ မှ တပ်သားဖြိုးမင်း တ/၅၂၅၇၃၇ တို့သည် ၎င်းတို့နှင့်အတူ BA-72 ၊ MA-2 ၊ MA-၃ စုစုပေါင်း ၃ လက် နှင့်အတူ CDF မတူပီထံ CDM လုပ် အလင်းဝင်လာခဲံကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တပ်က မတူပီမြို့ပေါ်မှ ပြည်သူ ၇ ဦးကို ဖမ်းဆီး၍ စစ်ဗျူဟာစခန်းတွင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်လျက်ရှိကြောင်း သိရှိရသည်။

စစ်တပ်က လက်နက် ၃ လက် ပြန်လည်ရရှိရေး ပြည်သူကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊နှိပ်စက်ခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်သည့်ကိစ္စကို CDF မတူပီက ကန့်ကွက် ရှုတ်ချပြီး စစ်တပ်နှင့် အပေးအယူ လုံး၀(လုံး၀) ပြုလုပ်မည်မဟုတ်ကြောင်း CDF မတူပီက သဘောထားထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article