25 C
Yangon

မင်းအောင်လှိုင်ကိုယ်တိုင် တခမ်းတနား ဖွင့်လှစ်ခဲ့သော စစ်တပ်ဝါဒဖြန့် MRTV Application မိတ်ဆက်ပြီး ၁ ရက်အတွင်း အွန်လိုင်း Google Play store နှင့် Apple Store ပေါ်မှ ဖြုတ်ချ ဖယ်ရှားပိတ်ပင်

Must read

ရန်ကုန်၊ မေ ၆

အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တခမ်းတနား ဖွင့်လှစ်ခဲ့သော MRTV Application ကို အမေရိကန်ကုမ္ပဏီ Apps Web Social LLC က မိတ်ဆက်ပြီး ၁ ရက်အတွင်း Google Play store နှင့် Apple Store မှ ဖယ်ရှားလိုက်ကြောင်း သိရှိရသည်။

မေ ၄ ရက်နေ့တွင် မင်းအောင်လှိုင်က နေပြည်တော် အခမ်းအနားဖြင့် MRTV Application လွှင့်တင်မှုကို မိတ်ဆက်ခဲ့ပြီး မေလ ၅ ရက်နေ့တွင် စစ်တပ်၏ ဝါဒဖြန့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) Application ကို Apple Store နှင့် Google Play Store တို့မှ ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း၊ Justice for Myanmar က စစ်တပ်ဝါဒဖြန့် MRTV Application ကို ဖယ်ရှားရန် တောင်းဆိုပြီးနောက် အမေရိကန် ကုမ္ပဏီ Apps Web Social LLC က ဖယ် ရှားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် Apps Web Social က MRTV Application ကို App Store နှင့် Play Store မှ လျင်မြန်စွာ ဖယ်ရှားခြင်းကို Justice for Myanmar က ကြိုဆိုလိုက်ပြီး မြန်မာပြည်သူလူထုအပေါ် စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့် ရန်၊ သတင်းမှားနှင့် အမုန်းစကားများ ဖြန့်ဝေရန် စစ်တပ်က MRTV Application ကို အသုံးပြုနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်နှင့် ၎င်းတို့ထိန်းချုပ်ထားသည့် အဖွဲ့အစည်းအားလုံးကို Google ပလက်ဖောင်းများနှင့် ဝန်ဆောင်မှုများပေးဆောင်ခြင်းမှ အပြည့်အဝပိတ်ပင်ရန် Justice for Myanmar က တောင်းဆိုထားသည်။

ဓာတ်ပုံ- MRTV Application မိတ်ဆက်ခြင်း အခမ်းအနားကို မေလ ၄ ရက်နေ့တွင် မင်းအောင်လှိုင်ကိုယ်တိုင် နေပြည်တော်တွင် တခမ်းတနားဖွင့်လှစ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article