25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၆ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရန်ကုန်၊ အင်းလျားလမ်းမှာရှိတဲ့ မင်းအောင်လှိုင် မတရားသိမ်းယူထားတဲ့နိုင်ငံတော်ပိုင်နေအိမ်ကို NUGအမျိုးသား ညီညွတ်ရေးအစိုးရက အမေရိကန်ဒေါ်လာ ၁၀ သန်း စျေးနှုန်းသတ်မှတ်လိုက်ပြီး ဒေါ်လာ ၁၀ သန်းကို အစု ရှယ်ယာ ၁ သိန်း ခွဲခြမ်းရောင်းချမည်ဖြစ်ကာ ရှယ်ယာတစ်စုကို ဒေါ်လာ ၁၀၀ နဲ့ ပြည်သူတွေ ဝယ်ယူနိုင် တယ်လို့ NUG ကထုတ်ပြန်ကြေညာပါတယ်။
– အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် နေပြည်တော်မှာ တခမ်းတနား မိတ်ဆက် ဖွင့်လှစ်ခဲ့တဲ့ MRTV Application ကို ၁ ရက်အကြာမှာ အမေရိကန်ကုမ္ပဏီ Apps Web Social LLC က အွန်လိုင်း Google Play store နဲ့ Apple App Store ပေါ်ကနေ ဖြုတ်ချဖယ်ရှားပိတ်ပင်လိုက်ပါတယ်။

– မကွေးတိုင်း ရေစကြိုမြို့နယ် ကျွန်းလှယဉ်ရွာကို အကြမ်းဖက်စစ်တပ်က မေလ ၄ ရက်နေ့ မနက် ၅နာရီလောက် မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ လူငယ် ၃၅ ဦးကို ဖမ်းဆီးခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရ သတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article