ရန်ကုန်၊ မေ ၆
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် နဂါးညီနောင်အထူးတပ်ဖွဲ့ Dragon Brothers Task Force – DBTF က စစ်ကောင်စီတပ်ဖွဲ့များ ဖြတ်သန်းသွားလာခြင်းမရှိစေရန် လမ်းလုံခြုံရေး ဆောင်ရွက်နေကြောင်း သိရှိရသည်။
‘ငါတို့မြို့၊ ငါတို့လမ်း ငါတို့ပိုင်တယ်။ ဘယ် မအလ မှ အုပ်ချုပ်ခွင့်မရစေရ’ ဟု DBTF အဖွဲ့က ထုတ်ပြန်ထားသည်။