25 C
Yangon

တန့်ဆည် ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး ပြည်သူပိုင် နေအိမ် ၂၀ ကျော် ပြာကျ

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်း ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ကြောင်ဆင်းအိုင်ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၄ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး မေလ ၅ ရက်နေ့တွင် ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် စပါးကျီ ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ကာ ပစ္စည်းများ စားသောက်ကုန်များကို ခိုးယူ လုယက်သွားကြောင်း သိရသည်။

ကံကလေးကုန်း ကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က မေလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် အလုံး ၂၀ ခန့် မီးလောင် ပြာကျခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ခဲ့ပြီး ပြည်သူများ စုဆောင်းထားသည့် ဆန်၊ ဆီနှင့် ရိက္ခာ ပစ္စည်းများကို ခြင်းကြားများ ထဲထည့်ကာ ခိုးယူသွားကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့သော ကံကလေးကုန်း ကျေးရွာမှ ပြည်သူပိုင် နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article