25 C
Yangon

မြောင်မြို့နယ် မြစ်ဆုံရွာကို စစ်တပ်က မီးရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်ဆုံရွာကို အကြမ်းဖက် စစ်တပ်က မေလ ၆ ရက်နေ့ ညနေ ၄နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူပိုင် နေအိမ်များကို ၂နေရခွဲပြီးကာ မီးရှို့ ဖျက်ဆီး နေကြောင်း သိရသည်။

“မြောင်မြို့နယ် မြစ်ဆုံရွာကို မီးတင်ရှို့နေတယ်။ ညနေ ၄နာရီလောက်တည်းက ရှို့နေတာ အခုထိရွာနားကို ကပ်လို့မရဘူး။ ပျက်စီးဆုံးမရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘူး။ မီးလောင်နေတာကိုပဲ အဝေးကနေ ထိုင်ကြည့် နေရတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိကိုလည်း အတည်မပြုနိုင်သေးဘူး” ဟုဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ မဝင်ရောက်မှီ နံနက် ၁၀ နာရီတွင် မြစ်ဆုံရွာအနီး၌ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article