25 C
Yangon

မင်းအောင်လှိုင် မိတ်ဆက်ခဲ့သော MRTV Application သာမ MRTV Website အသစ်ပါ အွန်လိုင်းပေါ်မှ ထပ်မံ ဖယ်ရှား ပိတ်ပင်ခံရ

Must read

ရန်ကုန်၊ မေ ၆

မြန်မာစစ်တပ်၏ ဝါဒဖြန့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ Website အသစ်သည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်တွင် တခမ်းတနား ဖွင့်လှစ်ပေးခဲ့အပြီး ၂ ရက်အကြာတွင် အွန်လိုင်းပေါ်မှ ဖြုတ်ချခံလိုက်ရကြောင်း သိရှိရသည်။

ယမန်နေ့က အမေရိကန်ကုမ္ပဏီ US developer Apps Web Social က MRTV ၏ Application များကို Apple App store နှင့် Google play store ပလပ်ဖောင်းများမှ ဖယ်ရှားခဲ့အပြီး ယနေ့တွင် MRTV ၏ website အသစ် ကိုပါ အွန်လိုင်းပေါ်မှ ထပ်မံ၍ ဖြုတ်ချ ပိတ်ပင်ခံရခြင်းလည်း ဖြစ်သည်။

MRTV သည် သတင်းအမှားများ၊ အမုန်းစကားများကို အသုံးပြု၍ ပြည်သူများအပေါ် စိတ်ဓတ်စစ်ဆင်ရေး ဆင်နွှဲနေသော မြန်မာစစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားတစ်ခုဖြစ်သည်။

မြန်မာစစ်တပ်နှင့် ၎င်းတို့ထိန်းချုပ်ထားသည့် အဖွဲ့အစည်းအားလုံးကို Apple နှင့် Google ပလက်ဖောင်းပေါ်တွင် လုံး၀ အသုံး မပြုနိုင်အောင် ပိတ်ပင်ရန် အဆိုပါ MRTV အက်ပလီကေးရှင်း မိတ်ဆက်ပွဲ အခမ်းအနားအကြောင်း စတင်ဖော်ပြခဲ့သော Justice for Myanmar အဖွဲ့က ထပ်မံ တောင်းဆိုထားသည်။

ဖြုတ်ချခံလိုက်ရသော mrtvmedia.com Website ကို အမေရိကန်အခြေစိုက် GoDaddy.com ကုမ္ပဏီက ဖန်တီးပေးခဲ့ခြင်းလည်း ဖြစ်သည်။

MRTV ၏ Website အသစ် ဖြုတ်ချခံရမှုနှင့် ပတ်သက်၍ IT နည်းပညာနယ် ပယ်မှ အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦး် “စစ်တပ် လက်အောက်ခံ MRTV ရဲ့ ဝါဒဖြန့်ချိရေး အက်ပ်တွေနဲ့ Website အသစ် ဖြုတ်ချခံရခြင်းဟာ စစ်တပ်ရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းနေတာတွေ မအောင်မြင်ဘူး ဆိုတာကို ထင်ရှားစွာ သက်သေပြလိုက်ခြင်းလည်း ဖြစ်တယ်။ ရိုးရှင်းလှတဲ့ Website ကိုတောင် မဖွင့်နိုင်တဲ့သူတွေက ဘယ်လိုလုပ်ပြီး တိုင်းပြည်တစ်ခုကို အဆင်ပြေပြေ အုပ်ချုပ်နိုင်မှာလဲ။”ဟု မှတ်ချက်ပြုပြောဆိုသည်။

“လူတွေက စစ်တပ်ကို တူးတူးခါးခါး မုန်းတီးနေပြီဆိုမှတော့ သူတို့တွေ ဘယ် လောက်ပဲ ဖိနှိပ်ဖိနှိပ် ပြည်သူ့တော်လှန်ရေးအောက်မှာ စစ်တပ်ရဲ့ ဇတ်သိမ်းခန်းဟာ မကြာခင် ရောက်လာတော့မှာပါ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article