25 C
Yangon

မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်၍ မတက်ဟု ABSDF က ကြေညာ

Must read

ရန်ကုန်၊မေ ၈

အကြမ်းဖက် ရာဇဝတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်း ချမ်း ရေးဆွေးနွေးပွဲ အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်၍ မတက်ဟု ABSDF က ယနေ့ ကြေညာသည်။

မေလ ၂ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရန် ဖိတ်ကြားစာရရှိကြောင်း၊ သို့ရာတွင် အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်ကြောင်း၊ အားလုံးပါဝင်နိုင်သည့် အဓိပ္ပာယ်ပြည့်၀သည့် နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်ရန် လိုအပ်ကြောင်း ABSDF က ကြေညာချက်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ KIO ၊ KNPP ၊ CNF ၊ ABSDF တို့က တက်ရောက်မဟုတ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

AA ကမူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ထင်လတ်ဦးကို သတိပေးထားပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် အလားအလာ နည်းနေပြီဟု လေ့လာသုံးသပ်သူများက ဆိုကြသည်။

KNU ကမူ မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ဟန်ပြသာဖြစ်၍ မတက်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

ABSDF သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article