25 C
Yangon

Breaking News- တောင်ငူ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ ခြေလျင်တပ်ရင်း ၇၃ တွင် တိုက်ပွဲပြင်းထန်၊ မီးလောင်နေမှုများကို မြင်တွေ့ရ

Must read

ရန်ကုန်၊ မေ ၈

တောင်ငူ၊ ထန်းတပင်၊ ဇရပ်ကြီးမြို့ ၊ ခြေလျင်တပ်ရင်း ၇၃ တပ်နေရာတွင် ပစ်ခတ်သံများဆူညံနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း၊ တပ်ထဲနေရာတချို့တွင် မီးတောက်များ မြင်တွေ့ရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ည ၉ နာရီခွဲအချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီးပစ်သံများ၊ စက်သေနတ်ပစ်သံများဖြင့် ဆူညံနေကြောင်း သိရှိရသည်။

“ခလရ ၇၃ ဘက်မယ် တိုက်ပွဲပြင်းထန်နေတယ်။ လက်နက်ကြီးသံတွေအတော်ကြာကြာကြားရတယ်။ တောင်ငူ ဇရပ်ကြီးဘက်မှာတော့ ခုည ကိုးနာရီခွဲလောက်ကနေဆယ်နာရီကျော်ထိ တအုံးအုံးနဲ့ ချနေကြပြီ။ လက်နက်ကြီးသံအချက်ငါးဆယ်ကျော်တယ်ဗျ။ မီးတောက်တွေလည်းမြင်နေရတယ်။ တပ်ထဲလား တပ်နားမှာလားမသိဘူး မီးလောင်နေတယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article