35 C
Yangon

ဖရူဆိုတွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းအဖွဲ့ တိုက်ပွဲတွင် စစ်တပ်မှ ၃ ပွင့်အရာရှိအပါအဝင် ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၉

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါကျေခူကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က မေလ ၇ ရက် နံနက် ၈ နာရီခွဲတွင် တိုက်ခိုက်ရာ စစ်ကား ၄ စီး ပျက်စီးသလို ကားပေါ်ပါ စစ်သား ၁၅ ဦး သေဆုံးပြီးနောက် စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် နံနက် ၁၁ နာရီခန့်၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ၃ ပွင့် ဗိုလ်ကြီးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ ထံမှ သိရှိရသည်။

‘ဒုတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ထပ်မံရရှိခဲ့ပါသည်၊ ထိုကျဆုံးသွားသော ၅ ဦးထဲတွင် အပွင့် ၃ ပွင့်ရာထူးရှိသော အရာရှိတစ်ဦးပါ ပါသည်။ မိမိဘက်တွင် တစ်စုံတစ်ရာထိခိုက်မှုမရှိပါ’ KNDF တပ်ရင်း ၄ က ထုတ်ပြန်ထားသည်။

KNDF တပ်ရင်း ၄ က ထုတ်ပြန်ထားသော လက်နက်ခဲယမ်း သိမ်းဆည်းရမိသည့် ဓါတ်ပုံတွင် MA အမျိုးအစား သေနတ် ၂ လက်အပါအဝင် ကျည်ဘောက်များ၊ ကျည်များနှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းများကို တွေ့မြင်ရသည်။

မေလ ၇ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကား ၄ စီးကို ကရင်နီတပ်မတော် KA၊ KNDF တပ်ရင်း ၄၊ တပ်ရင်း ၁၅ တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ စက်လက် (ငါးကြင်းမြီး) ၁ လက်၊ RPG ၁ လက်၊ MA အမျုးအစား သေနတ် ၈ လက် နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article