28 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၇ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေတေ
-ရခိုင့်တပ်တော်AAနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUGတို့ မနေ့မနက်ပိုင်းက နှစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ခဲ့ပါတယ်။
– မွန်ပြည်နယ်၊ KNU တပ်မဟာ ၁ နယ်မြေမှာ အကြမ်းဖက်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာရှင် စနစ်ဖြုတ်ချရေးအတွက် တော်လှန်ရေးအဖွဲ့တွေအားလုံး စုစည်းညီညွတ်စွာနဲ့ တိုက်ပွဲဝင်ရန် သဘောတူ ဆုံးဖြတ်လိုက်တယ်လို့ မနေ့က တရားဝင် ကြေညာချက်ထုတ်ပြန်ပါတယ်။
– ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မြို့မရဲစခန်းအရှေ့ ကင်းစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon-e UG က မေလ ၁၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးနိုင်တယ်လို့ သတင်းရရှိပါတယ်။
– ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်ခဲကျေးရွာကို အကြမ်းဖက် စစ်ကောင် စီတပ်ဖွဲ့နဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့တွေက မေလ ၁၆ ရက် ညနေ ၅ နာရီမှာ မီးတင်ရှို့ဖျက်ဆီးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article