22 C
Yangon

မင်းအောင်လှိုင်စစ်တပ်ထံသို့ Chevron စွမ်းအင် ကုမ္ပဏီက ငွေကြေး ပေးဆောင်မှု မလုပ်ရေး တောင်းဆိုရန် ပြည်သူ ၂ သိန်းကျော်၏လက်မှတ်များ အရေးပေါ် လိုအပ်နေ၊ ပြည်သူများ ပါဝင်လက်မှတ်ရေးထိုးကြရန် နှိုးဆော်

Must read

ရန်ကုန်၊ မေ ၁၇

အကြမ်းဖက် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ထံသို့ အမေရိကန် Chevron စွမ်းအင် ကုမ္ပဏီက ငွေကြေး ပေးဆောင်မှုများ ဆက်လက် မပြုလုပ်ဆောင်ရေး တောင်းဆိုရန် ပြည်သူများ၏ လက်မှတ် ၂ သိန်းကျော် အရေးပေါ်လိုအပ်နေသဖြင့် ပြည်သူများပါဝင် လက်မှတ်ရေးထိုးကြရန် Blood Money Campaign က တောင်းဆိုလိုက်သည်။

လာမည့် မေလ ၂၅ ရက်နေ့တွင် Chevron ကုမ္ပဏီ၏ အစုရှယ်ယာရှင် အစည်းအဝေးရှိပြီး မင်းအောင်လှိုင်စစ်တပ်ထံသို့ အခွန်ငွေပေးဆောင်ရေး မပေးဆောင်ရေးနှင့် ပတ်သက်ပြီး မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းအောင်လှိုင်စစ်တပ်ထံ ကုမ္ပဏီက ငွေကြေး မပေးဆောင်ရန် တောင်းဆိုနေသည့် ပြည်သူများ၏ လက်မှတ် ၂ သိန်းကျော် လိုအပ်လျက်ရှိကြောင်း သိရသည်။

ထိုတောင်းဆိုချက်တွင် မင်းအောင်လှိုင်စစ်တပ်ထံသို့ ငွေကြေး မပေးရန် တောင်းဆိုချက် အပြင် လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော အကြမ်းဖက် စစ်အုပ်စုနှင့် ပတ်သက်ဆက်နွယ်ပြီး စီးပွားရေး မလုပ်ဆောင်ရန် မူဝါဒ ချမှတ်ရေးနှင့် အရေးကြီးဆုံးအနေဖြင့် စစ်အုပ်စုကို လုံး၀ အသိအမှတ်မပြုရေး အချက်များပါဝင်သည်။

U.S. Securities and Exchange Commission (SEC) ကို တင်သွင်းသည့် စာတမ်းတွင်လည်း ကုမ္ပဏီအစုရှယ်ယာရှင်တွေအနေဖြင့် စစ်အုပ်စုကို ပေးနေသည့် ငွေကြေးများ ကို စစ်အုပ်စုကို ဆက်လက်ပေးနေမည့်အစား တရားဝင် အသိအမှတ်ပြု ပြည်သူ့အစိုးရအတွက် ငွေကြေးများထိန်းသိမ်းထားရန် Chevron ကုမ္ပဏီကို တောင်းဆို တိုက်တွန်းထားကြောင်း သိရှိရသည်။

Chevron ကုမ္ပဏီအနေဖြင့် အကြမ်းဖက် စစ်အုပ်စုကို ဆက်လက်ငွေကြေး မထောက်ပံ့ရန် မြန်မာ လူထု၏ တောင်းဆိုသံများ လာမည့် မေ ၂၅ရက်နေ့ အစုရှယ်ယာရှင် အစည်းအဝေးတွင် ပါဝင်လာအောင် ထုတ်ဖော်ပြသကြရန် လိုအပ်နေပြီး လက်မှတ်ရေးထိုးမည့် သူများအနေဖြင့်

https://actionnetwork.org/petitions/demand-chevron-stop-bankrolling-the-myanmar-military?fbclid=IwAR0rph0a420z4jlatG7pbeBzdLONQRATpNBkgb0n6S1H_51tlz1oSs_yjc0

တွင် ဝင်ရောက် လက်မှတ်ရေးထိုးနိုင်ကြောင်း၊ မေ ၂၀ ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထား လက်မှတ်များပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article