ရန်ကုန်၊ မေ ၁၇
အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံက ယနေ့ မေလ ၁၇ ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ကန့်ကွက်ဆန့်ကျင်ရေးနေ့” တွင် ❝ကြောက်စိတ်ကိုဖျောက်၊ ခြောက်စိတ်ကပ်ကာ၊ စကစကို တွန်းလှန်မည်❞ စာသားနှင့် LGBT များ ဦးဆောင်ကာ လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၄၃၃ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ မေ ၁၇ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။