24 C
Yangon

ဒီးမော့ဆို၊ စစ်တပ်နှင့်ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦး သေ၊ မြောင်တွင် အိမ်စီးကားဖြင့် လာသည့် စစ်တပ် မိုင်းဆွဲခံရပြီး ခါးပြတ်သူ ၁ ဦး အပါအဝင် စစ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၁၇

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ အများပြည်သူပိုင် အိမ် ၁ လုံးပေါ်တွင် စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မေလ ၁၇ ရက် နံနက် ၁၁ နာရီခန့်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုသည် နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအထိ ကြာမြင့်ခဲ့ကြောင်း၊ သေဆုံးသွား‌သောစစ်သား အလောင်း ၅ လောင်းကို ကားဖြင့် ပြန်လည် သယ်ယူနေသည်ကို မြင်တွေ့ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်စစ်သားများကို ဒီးမော့ဆို PDF ဗျူဟာ ၁ A၊ B၊ D၊ F တပ်ရင်း၊ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်း၊ လွိုင်ကော် PDF နှင့် KRU အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ မေလ ၁၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးဘက်မှ မောင်းနှင်လာသော စစ်သား ၇ ဦးပါ အံစာတုံးကားကို နတ်ရေကန်နှင့် ငါးရှန်ရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ခါးပြတ်သွားသူ တစ်ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOM က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOM၊ ပြည်သူ့တပ်မတော် မြောင်၊ စစ်ကိုင်းတိုင်းတပ်ရင်း ၁၊ ၂ တပ်ခွဲ ၃၊ ကန္တာရသိန်းငှက်၊ တူမီးဖိုက်တာ၊ Black Eagle Defense Force၊ Chaung U Revolution Army၊ Myinmu Civil revolution Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့နံနက် ၅ နာရီခွဲခန့်တွင် ဂွေးပင်တောလမ်းပိုင်း ၁ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့် ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကို အကြမ်းဖက်စစ်သားများက ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ကာကွယ်ရေးရဲဘော်များ ထွက်ပြေးခဲ့ရသည်ဟု CDSOM က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယမန်နှစ် မွန်ပြည်နယ်၊ ကျိုက်ထိုတွင် တွေ့ရသော အကြမ်းဖက်စစ်သားများ။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article