By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၀ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်ဆံနေပြီး အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ကို မျောက်ပြ ဆန်တောင်းသူ ထက် အဆင်မြင့်တဲ့ မျောက်လည် ရောင်းသူဆိုပြီး အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက မချိတင်ကဲဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ ခိုင်းနှုန်း ပြောဆိုလိုက်ပါတယ်။
– ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ပိုင်း စက်သုံးဆီ ဝယ်ယူဖို့အတွက် ဆီဆိုင်တွေမှာကားတွေ စုပြုံတန်းစီနေ ရပြန်ပြီလို့ ရန်ကုန်မြို့ခံ ကားသမားတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ စက်ဆုံးဆီဆိုင် အတော် များများမှာ 92 နဲ့ 95 ဆီ လတ်တလော လက်ကျန်ပြတ်တောက်နေတယ်လို့ ဆိုတဲ့အတွက် ဆီရဖို့ ဆိုင် တွေမှာ ကားတွေ ကြိတ်ကြိတ်တိုး တန်းစီနေရပါတယ်။
– ရန်ကုန်တိုင်းစစ်ဌာနချုပ် ၈ မိုင်မှာ ဒီကနေ့ မနက် ၈ နာရီကျော်လောက်က ဗုံးပေါက်ကွဲသံ နဲ့ သေနတ် ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီး လမ်းတွေကို ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့ခံ တွေက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ၊ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းက နတ်ကြီးရွာ၊ ရွာသာရွာ နဲ့ ဝက်ချောင်း ရွာတို့ကို အကြမ်းဖက် စစ်တပ်က မေလ ၁၉ ရက်နေ့မှာ ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် အလုံး ၂ဝဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။