25 C
Yangon

မြိုင်မြို့နယ်၊ ပန်းတိုင်းတောကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ မီးရှို့မှုကြောင့် နေအိမ် ၁၂ လုံးနှင့် ကြက်ခြံ ၁၅ လုံး မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၀

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပန်းတိုင်းတောကျေးရွာကို မေလ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်သားများနှင့် လက်ပါးစေ ပျူစောထီးများ ဝင်ရောက် မီးရှို့ဖျက်ဆီးရာတွင် နေအိမ် ၁၂ လုံးနှင့် ကြက်ခြံ ၁၅ ခြံ မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အိမ်ကတော့ ၁၂လုံးဗျ။ ကြက်ခြံကတော့ ၁၅ ။ ကား၊ ဆိုင်ကယ်၊ မီးစက်၊ စက်ဘီး၊ ပိုက်ဆံတွေလည်း ယူသွားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ပန်းတိုင်းတောကျေးရွာသည် အိမ်ခြေ ၈၀၀ ခန့်ရှိသော ရွာကြီး တစ်ရွာဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် လက်ပါးစေ ပျူစောထီးများ ရွာမှ ပြန်သွားချိန်တွင် ပြည်သူများ၏ ပိုင်ဆိုင်မှုကို မည်မျှ ခိုးယူသွားသည်ကို အတိအကျမသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article