30 C
Yangon

တန့်ဆည်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄ ရွာကို မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ၊ ခင်ဦး အင်တိုင်းလေး ရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေ

Must read

ရန်ကုန်၊ မေ ၂၀

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂ဝ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဖန်းကားဇင်၊ စိမ်းစား၊ ချောင်းရိုးနှင့် ခပေါင်းကြိုင်ရွာ တို့ကို မီးရှို့ဖျက်ဆီးနေကာ ရွာလုံးကျွတ် ထွက်ပြေး နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ယနေ့ နံနက်ပိုင်းက စတင်ကာ ရေဦးနှင့် တန့်ဆည် မြို့နယ် အစပ်ရှိ ဖန်းကားဇင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ပိုင်းတွင် ချောင်းရိုးရွာ၊ ခပေါင်းကြိုင်ရွာနှင့် စိမ်းစား ရွာတို့ကို ဆက်လက် မီးရှို့ ဖျက်ဆီး နေခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေမီးရှို့လို့ ချောင်းရိုးရွာက ရွာလုံးကျွတ် ကုန်ပြီ တစ်ရွာလုံးလည်း ထွက်ပြေးနေရပြီး ချောင်းရိုးရွာမှာက ရှေးဟောင်း ခရစ်ယာန် ဘုရား ကျောင်းလည်း ရှိတယ်။ အဲဒီ အဆောက်အဦးလည်း မီးထဲ ပါသွားတယ် ပြောတယ်။ အခုက ရွာလုံးကျွတ် ပြေးနေရလို့ အတည်မပြုနိုင်သေးဘူး။ ကျန်တဲ့ ၃ ရွာလည်း တူတူပဲ ရွာလုံးကျွတ်ပြေးနေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ဒေသခံပြည်သူများသည် ဘေးလွတ် ရာသို့ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင် သေးကြောင်း ဒေသခံများက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ခင်ဦးမြို့နယ် အင်တိုင်းလေးရွာကိုလည်း ယနေ့ မွန်းလွဲပိုင်းတွင် ရွာလုံးကျွတ် မီတင်ရှို့ နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” စစ်ခွေးတေ အင်တိုင်းလေးရွာကို မီးရှို့နေတယ်။ အခုလေးတင်ပဲ ရေဦးမြို့ပေါ် ကနေ လှမ်းမြင်နေရတယ်။ ရေဦးမြို့ပေါ်မှာလည်း ရဟတ်ယာဉ်တွေ ပျံနေတယ်။ အင်တိုင်းလေးရွာဆိုတာ ခင်ဦးမြို့နယ်ဆိုပေမဲ့ ရေဦးမြို့နဲ့က မူးမြစ်ပဲ ခြားတာ ရေဦးမြို့ပေါ်ကနေ လှမ်းမြင်နေရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အင်တိုင်းလေးရွာမှာ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article