ရန်ကုန်၊ မေ ၂၂
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အင်အား ၁၅၀ ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များက ယနေ့ နံနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃၀ ခန့်သေဆုံးနိုင်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။
မေလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန် တွင် ကသာမြို့၊ပေကုန်းမှ ကပ်ပလိပ်ကျေးရွာ သို့ ချီတက်လာသော အင်အား ၁၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းuို ကပ်ပလိပ်မှ ကသာမြို့သို့သွားရာ တာရိုး(ပြေးလမ်းမရှိ) လမ်းပေါ်တွင် ကသာမြို့နယ်(ပကဖ)နှင့်ABSDF ပူးပေါင်းတပ်များက ရှေ့ထွက်မိုင်း ၂ လုံး ဖြင့် တိုက်ခိုက်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးသွားပြီး စစ်ကြောင်းမှာ ဆက်လက်ချီတက်နိုင်ခြင်းမရှိတော့ဘဲ ရပ်တန့်နေကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ မေလ ၂၁ ရက်နေ့ နေ့လယ်ပိုင်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ် ထွေအုပ်ရုံးတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ စစ်သား ၂ ဦးသေဆုံးပြီး ပွဲချင်းပြီး သေဆုံးသူများရှိကြောင်း ၊ ယနေ့ နံနက်ပိုင်းတွင် ကောလင်းအရှေ့ဘက်သို့ စစ်ကောင်စီစစ်ကြောင်းများ ချီတက်ထွက်လာကြောင်း ကောလင်းသတင်းရင်းမြစ် က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မေလ ၂၀ ရက်နေ့ ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်ရှိ ကင်းစောင့် စစ်တပ်ကို PDF က ပစ်ခတ်တိုက်ခိုက်စဉ် သေဆုံးသွားသော စစ်သားတစ်ဦး။