26 C
Yangon

တောင်ကိုရီးယားနိုင်ငံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် ထန်တလန်မြို့အတွက် ရန်ပုံငွေ ဘောလုံးပွဲ ကျင်းပ

Must read

ရန်ကုန်၊ မေ ၂၂

တောင်ကိုရီးယားနိုင်ငံတွင် GTRO CUP (Global Thantlang Relief Organization) အဖွဲ့မှ ဦးဆောင်ကာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် ထန်တလန်မြို့အတွက် ရန်ပုံငွေ ဘောလုံးပွဲ ကျင်းပနေပြီး ရန်ပုံငွေ ဘောလုံးပွဲတွင် အဖွဲ့ပေါင်း ၃၂ သင်း ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါပွဲတွင် တောင်ကိုးရီးယား NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းမှ ဖွင့်ပွဲအတွက် တော်လှန်ရေးအမှာ စကားပြောကြားခဲ့ပြီး ရန်ပုံငွေပွဲတွင် ရရှိသည့် ငွေများကို ထန်တလန်မြို့အတွက်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ NUG ကိုယ်စားလှယ်ရုံး အထောက်ကူပြုအဖွဲ့မှ BOND အပါအဝင် အင်းယား ၁၄ အစုရှယ်ယာများ ရောင်းချခဲ့ကြပြီးဟစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုးရီးယားမှ) One Day Challenge လှုပ်ရှားမှုဖြင့်ပါဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။

တောင်ကိုးရီးယား ဘောလုံးအသင်း ဂယောင်ဝဲ FCမှ ကိုရီးယားဝမ်ငွေ ၁၀သိန်းကို GTRO သို့ ထန်တလန်အတွက် လှူဒါန်းခဲ့ပြီး ပြိုင်ပွဲကို ဘောလုံးကွင်း သုံးကွင်းတွင် တပြိုင်တည်းကျင်းပနေခြင်းဖြစ်သည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article