By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ၂၄ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ မြို့နယ် ၉ ခုကျော်ကို ဒီကနေ့ မနက် ၆ နာရီက စပြီး ၊ ဖုန်းလိုင်း ၊ အင်တာနက် လိုင်းတွေ ဖြတ်တောက်ပြီး တချို့မြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ကြောင်းတွေက ထိုးစစ်ဆင်လာ တယ်လို့ ဒေသကာကွယ်ရေး တပ်တွေဆီကနေ သိရပါတယ်။
– ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာက စစ်ကောင်စီတပ်ကို ရိက္ခာထောက်ပံ့သူ ဦးမြင့်သိန်းရဲ့ ဆန်စက်ကို ဒီကနေ့ မနက်အစောပိုင်း ၃ နာရီလောက်က မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်းရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ၊ အများပြည်သူပိုင် ပစ္စည်း တွေကို ခိုးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေက မေလ ၂၃ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာမှာ အကြမ်းဖက် စစ်တပ်က နှစ် ၁၂၀ ကျော် သက်တမ်း ရှိတဲ့ ပေါ်တူဂီနွယ်ဖွား ခရစ် ယာန် ဘုရားကျောင်းအပါအဝင် နေအိမ်တွေ ကို မေလ ၂၀ ရက်နေ့ မှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။