31 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၅ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအင်း အရှေ့ဘက်ခြမ်းမှာ မေလ ၁၅ ရက်နေ့က စပြီး ဖြစ်သွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်းသေဆုံးပြီး ၊ KNDF ရဲဘော် ၁ ဦး နဲ့ ဖယ်ခုံ PDF တပ်ရင်း ၂ က ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အင်းမကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂၄ ရက်နေ့ ညနေ ပိုင်းမှာ ၁၂ ဘီးကား ၂ စီးနဲ့ ဝင်ရောက်စီးနင်းပြီး ပြည်သူ အယောက် ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီး တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
– ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန် ကျေးရွာမှာ အခြေစိုက် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဲ့ ရှေ့တန်းစခန်းကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် KNLA မဟာမိတ် People’s Force ပြည်သူ့အင်အားစု ဒရုန်းတပ်ဖွဲ့ကနေ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article