30 C
Yangon

ချောင်းဦးတွင် ပြည်သူပိုင် ပစ္စည်းများ ခိုးဆိုး လုယက်နေသော စစ်ကောင်စီ စစ်ကြောင်းကို မိုင်း ၁၁ ကြိမ်ဆွဲတိုက် ခိုက်မှု စစ်သား ၃၆ ဦး သေဆုံး၊ မြင်းမူတွင် စစ်ကောင်စီဝင် ၂ ဦး သေပြီး PDF ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကင်းမွန်းတော်ပျူစောထီးကျေးရွာရှိ စစ်ကောင်စီ လက်နက် ကိုင်များနှင့် ပျူစောထီး အင်အား ၅၀ ခန့်သည် မယ်သဲကြိုးကွင်းသို့ ထွက်ခွာ၍ ပြည်သူပိုင်နေအိမ်များကို ခိုးယူ လုယက်နေသဖြင့် မိုင်းဆွဲ ၁၀ ကြိမ် တိုက်ခိုက်ရာ စစ်သားစုစုပေါင်း သေဆုံးကြောင်း သိရှိရသည်။

စစ်ကောင်စီလက်နက်ကိုင် ၅၀ ခန့်သည် ချောင်းဦးမြို့၏ တောင်ဘက်အမြင့်လမ်းခွဲမှ အနောက်သို့ ရိက္ခာအပြည့်အစုံဖြင့် ဆင်းလာခဲ့ကြောင်း၊ အဆိုပါ စစ် ကြောင်းကို ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHUPDF နှင့် CMWA မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းပွိုင့် ၁ တွင် စစ်သား ၃ ဦး ၊ မိုင်းပွိုင့် ၂ တွင် စစ်သား ၄ ဦး၊ မိုင်းပွိုင့် ၃ တွင် ထိခိုက်မှုမရှိ၊ မိုင်းပွိုင့် ၄ တွင် စစ်သား ၂ ဦး သေဆုံးကြောင်း သိရှိရသည်။

သေဆုံးသွားသော အလောင်းများကို ထော်လာဂျီများဖြင့် မြို့တွင်းသို့ ပြန်လည် သယ်ဆောင်ပြီးနောက် အဆိုပါစစ်ကြောင်းသည် မယ်သဲကြိုးကွင်းရှိ ပျူစစ် ကြောင်းသို့ သွားရောက်ပူးပေါင်း လှုပ်ရှားသဖြင့် PDF များက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းပွိုင့် ၅ တွင် စစ်သား ၁ ဦး၊ မိုင်းပွိုင့် ၆ တွင် စစ်သား ၁၅ ဦး ၊ မိုင်းပွိုင့် ၇ တွင် ထိခိုက်မှုမရှိ၊ မိုင်းပွိုင့် ၈ တွင် စစ်သား ၄ ဦး၊ မိုင်းပွိုင့် ၉ တွင် စစ်သား ၂ ဦး ၊ မိုင်းပွိုင့် ၁၀ တွင် ၂ ဦး သေဆုံးကြောင်း သိရှိရသည်။

စစ်ကောင်စီလက်နက်ကိုင်များနှင့်ပျူစောထီး အင်အား ၁၅ ဦးသည် ခိုးယူလာသော ပြည်သူပိုင်ပစ္စည်းများကို သယ်ဆောင်ပြီး ကင်းမွန်တော်ပျူစောထီးရွာသို့ ဆုတ်ခွာသွားကြောင်း၊ ကျန်အင်အားမှာ ချောင်းဦးမြို့အတွင်း ပြန်လည် ဝင်ရောက် သွားကြောင်း သိရှိရသည်။

ထိုသို့ မယ်သဲကြိုးကွင်းမှ ကင်းမွန်တော် ပျူစောထီး ကျေးရွာသို့ ပြန်လာသော စစ်ကြောင်းကို ချောင်းဦး PDF ရဲဘော်များက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ် သား ၃ ဦး ထပ်မံ သေဆုံးကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စုစုပေါင်း စစ်သား ၃၆ ဦးသေဆုံးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHUPDF က သတင်းထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် မေလ ၂၄ ရက်နေ့ နံနက် ၄ နာရီခွဲ ခန့်တွင် အင်းမကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ ဝင်များကို အင်အားထပ်ဖြည့်လာသည့် စစ်ကောင်စီကားများ ကန်ဖျားကျေးရွာအဝင်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ကားတစ်စီးထိမှန်ခဲ့ကြောင်း မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ပြင် ဂုန်ညင်းစိတ်ကျေးရွာနှင့် ကန်ဖျားဇရပ်ကြားတွင် မေ ၂၄ ရက်နေ့ နေ့ လယ် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီဝင်များကို Black Eagle Defense Force- MIMU နှင့် PEOPLE Guerillas Commando – Myinmu တို့ မှ ကြားဖြတ် ခြုံခိုတိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ၁၅ မိနစ်အကြာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ မိုင်းကွင်းပေါ်သို့ ခြေလျင်လျှောက်လာသည့် စစ်ကောင်စီဝင်များကို မိုင်းထိမှန်ခဲ့ပြီး ၉ ဦးခန့် ဆေးရုံရောက်ကာ ယနေ့ မတ် ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီဝင် အချို့ သေဆုံးသွားသည်ဟု ကြားသိရကြောင်း မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။

တတိယအကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုအဖြစ် မတ်လ ၂၄ ရက်‌နေ့တွင်ပင် ညနေ ၃ နာရီခန့်တွင် ဂုန်ညင်းစိတ်နှင့် ကန်ဖျားကျေးရွာကြားမှ ပြန်ထွက်လာသည့် စစ်ကောင်စီဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားဘေးတွင် ခြေလျင်လျောက်လာသည့် အကြမ်းဖက်စစ်ကောင်စီဝင် ၆ ဦးမှာ နေရာတွင် လဲကျကာ အပြင်း အထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြင်းမူမြို့နယ် PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၂၄ ရက်နေ့က အင်းမကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီဝင်များ၏ တိုက်ခိုက်မှုကြောင့် ပြည်သူများအတွက် လုံခြုံရေးကင်း စောင့်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျည်ထိမှန် ကျဆုံးခဲ့သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article