32 C
Yangon

ရေးနှင့် သံဖြူဇရပ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၈

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Mon State Revolutionary Force – MSRF အဖွဲ့က ထုတ်ပြန်ထားသည်။

ဧပြီလ ၉ ရက်နေ့ ည ၉ နာရီ ၁၃ မိနစ်ခန့်တွင် အောင်သပြေရွာအနီးရှိ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီလ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင်လည်း ထို စစ်တပ် စစ်ကြောင်းကို ဒရုန်းဗုံး ၄ လုံးဖြင့် ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၂ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၇ လုံး ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၅၇ မိနစ်တွင်လည်း အဆိုပါ စစ်ကြောင်း ကို ဒရုန်းဗုံး ၈ လုံး ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် ဧပြီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းဖြင့် ၂ ရက်ဆက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လလှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နှင့် ရေး‌ပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲ တို့ ပူး‌ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုသည် ညီနောင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (အမှတ်-၈၀၀၂ တပ်ရင်း)(KBDF)၊ ရေးပြောက်ကျားတပ်ရင်း (အမှတ်-၈၀၀၁ တပ်ရင်း)(YGF) တို့မှ ဒရုန်းတပ်ဖွဲ့များဖြင့် စုဖွဲ့ထားကြောင်းသိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article