ရန်ကုန်၊ ဧပြီ ၁၈
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာခြင်းသည် ပြည်သူလူထု၏ တော်လှန်ရေး အောင်ပွဲ အစိတ်အပိုင်း တပ်ရပ်ဖြစ်သည်ဟု NUG အစိုးရက ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ပြောဆို လိုက်သည်။
ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသား အချို့ မိသားစုနှင့် ပြန်လည်ဆုံဆည်းရခြင်းအပေါ် သဘောထားထုတ်ပြန်ရာတွင် ထည့်သွင်းပြော ဆိုထားခြင်းဖြစ်သည်။
ပြည်သူလူထုက လွတ်လပ်၍ တရားမျှတစွာ ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော် သမ္မတကြီး အနေဖြင့် ပြည်တွင်းပြည်ပတော်လှန်ရေးဖိအားများကြောင့် ယခုကဲ့သို့ မိသားစုနှင့် ပြန်လည်ဆုံဆည်း နိုင်ခဲ့ခြင်းသည် ပြည်သူလူထု၏ တော်လှန်ရေးအောင်ပွဲ အစိတ်အပိုင်းတစ်ရပ် အဖြစ် အခိုင်အမာ ယုံကြည်ရှုမြင်ကြောင်း NUG အစိုးရက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော် လှန်ရေး အင် အားစု များနှင့် ပြည်သူများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ဆက်လက် အသိ အမှတ်ပြု ကိုင်စွဲထားသကဲ့သို့၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့အားလည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူ့ရွေးကောက်ခံ နိုင်ငံ တော်သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်အသိအမှတ်ပြုထားကြပါကြောင်း ဆက်လက် ပြောဆိုသည်။?
နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံးခြွင်းချက်မရှိလွတ်မြောက်ရေးဖြစ်သည့် အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်လူတစ်စုက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ အဦးမူ၍ တိုင်းပြည်နှင့်ပြည်သူလူထုအား နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်လေ့ရှိသည့် အဆိုးကျော့ သံသရာက အပြီးတိုင်လွတ်မြောက်ရေးဖြစ်ကြောင်း အသိပေးထားသည်။
နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကချင်၊ ကရင် နီ၊ ကရင်၊ ချင်း မဟာမိတ်တိုင်းရင်းသားများနှင့် ပူးတွဲထုတ်ပြန်ခဲ့သည့် ဘုံသဘောထား ရပ်တည်ချက် များအရလည်းကောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင် ကောင်စီ၏ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရလည်းကောင်း ခိုင်ခိုင်မာမာ ဆက်လက်စွဲကိုင်၍ တိုင်း တာ၊ ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်၍ အသိပေးထားသည်။
အဆိုပါ ဘုံသဘောထား ရပ်တည်ချက် ၆ ရပ်ချမှတ်ထားပြီး ၎င်းတို့မှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှား ပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝ ထားရှိရန် ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန် လည် အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူအားလုံးလက်ခံနိုင်သော ဖက် ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ် လာ သော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုအ သစ်အား တည်ဆောက်ရန်နှင့် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်တို့ဖြစ် ကြောင်း သိရသည်။
အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုတရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်စွာ စဉ် ဆက်မပြတ် ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင် ရာဥပဒေ (International Humanitarian Law) ကို ကျူးလွန်ဖောက်ဖျက်မှုများအား အသွင် ကူး ပြောင်း ရေး ကာလတရားမျှတမှုရရှိရေး ဆောင်ကြဉ်းပေးနိုင်သည့်အခြေအနေရှိမှသာ ကျွန်ုပ်တို့၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်ဟု မှတ်ယူ၍ မမှိတ်မသုန် ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း NUG အစိုးရက အသိပေးထားသည်။
သို့ဖြစ်ပါ၍ ပြည်သူလူထု၏ မဲဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက် ဖွဲ့စည်းတည်ထောင်ခဲ့ သော အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခေတ်ပြောင်းစနစ်ပြောင်းစေရန် ဦးတည်ဆောင်ရွက် နေ သည့် နွေဦးတော်လှန်ရေးကို ရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ ဆုံးခန်းတိုင်အောင် ဆောင် ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။




