By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၆ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်က ရွာတွေကို စီးနင်းဝင်ရောက်မီးရှို့မှုတွေကြောင့် စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်း ကြီးမြို့နယ်မှာရှိတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
– မကွေးတိုင်း ကျောက်ထုမြို့နယ်မှာ လမ်းကြောရှင်းလင်းဖို့ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ၂ ရက်ဆက်တိုက် မိုင်းအလုံး ၃ဝ ကျော်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ဝ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောက်ထု PDF တပ်ဖွဲ့ဆီက သိရပါတယ်။
– ဖယ်ခုံမြို့နယ်မှာရှိတဲ့ Non-CDM ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ CDM ပြုလုပ်လိုရင် လက်ခံပေးဖို့ တောင်းဆိုသူများပြားလာတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။