ရန်ကုန်၊ မေ ၂၆
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရဝန်ကြီးချုပ်များကို လိမ်လည် အမှုဆင်သော စသုံးလုံး အရာရှိ စာရင်းပေါက်ကြားမှု တရားခံရှာရန် ယနေ့ စသုံးလုံးဌာနတွင်း အစည်းအဝေး ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ယနေ့ စသုံးလုံးဌာနတွင်း ဗီဒီယိုကွန်ဖရန့် လျှို့ဝှက်အစည်းအဝေး ကျင်းပပြု လုပ်ပြီး ယင်းအစည်းအဝေးသို့ ပြည်နယ်/တိုင်း စသုံးလုံးဌာန တာဝန်ရှိသူများ တက်ရောက်ကြောင်း၊ ယင်းအစည်းအဝေးတွင် ခေတ်သစ်သတင်းဌာနသို့ ပေါက် ကြားခဲ့သည့် NLD အစိုးရ ခေါင်းဆောင်များကို လိမ်လည် အမှုဆင်ရသည့် စသုံးလုံး အရာရှိများ စာရင်းသည် ဌာနအတွင်း ရာထူးမတိုးသူများ၊ ချင်း၊ကယား၊ ရခိုင်ဘက်သို့ ပြောင်းရွှေ့ခံရသူများ၏ လက်ချက်ဖြစ်နိုင်သည်ဟု သုံး သပ်ပြီး လျှို့ဝှက်ချက်များပေါက်ကြားသည့် တရားခံကို ရှာဖွေရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
“ခေတ်သစ်သတင်းမှာ အတွင်းစည်းပေါက်မှုတွေဖြစ်တယ်။ ဒုစုံမှုးမှ စုံမှုး၊စုံမှူးမှဦးစီး၊ ရာထူးတိုးမပါသူတွေနဲ့ အမှတ်ကောင်းပြီး ချင်း၊ကယား၊ရခိုင် သို့ရောက်သောသူများကို စောင့်ကြည့်ပြီးတင်ပြဖို့ ညွှန်ကြားတယ်။ ဒီလိုဝန်ထမ်းတွေရဲ့နာကြည်းချက် ကြောင့်ဖော်ကောင်လုပ်တယ်လို့ သံသယရှိတယ်။ အစည်း အဝေးမှာ ညွှန်ချူပ်၊ဒုညွှန်ချုပ် တို့ကိုယ် တိုင်က နောက်ထပ် ဌာနတွင်း သတင်းတွေ ဆက်လက်မပေါက်ကြားအောင် ကိုယ့် ပြည်နယ်/တိုင်း လူကိုထိန်းသိမ်းစောင့်ကြည့်ဖို့မှာကြားတယ်” ဟု စသုံးလုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NLD အစိုးရဝန်ကြီးချုပ်များ၊ ဝန်ကြီးများကို လိမ်လည် အမှုဆင်သည့် စသုံးလုံးအရာရှိများနှင့်ဝန်ထမ်းများအကြောင်း တ ရား ဝင် ထုတ်ဖော်ရေးသားခဲ့ပြီးဖြစ်သည်။
ဓာတ်ပုံ- စသုံးလုံးဌာန၏ ဌာနတွင်းအစည်းအဝေး။(ပုံအဟောင်းဖြစ်သည်)