30.5 C
Yangon

လောင်းလုံး ၊ မော်လမြိုင်ကျွန်းနှင့် မုံရွာတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၇

တနင်္သာရီတိုင်း ၊လောင်းလုံးမြို့နယ်၊ ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ-အမြင့်လမ်းအနီးတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး စုစုပေါင်း စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

လောင်းလုံးမြို့နယ်တွင် စစ်သား ၂ ဦးသေဆုံး
==========================

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်သို့ စစ်ဆေးရန် လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့များကို မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ယနေ့ မေ ၂၇ ရက်နေ့ နံနက် ၆နာရီဝန်းကျင်အချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင်ပြောက် ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီဝင် တပ်သား အင်အား ၁၀ ဦးပါသည့် ကားကို ပစ်ခတ်တိုက်ခိုက်ရာမှ အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားကြောင်း၊ စစ်ကောင် စီတပ်ဖွဲ့ဝင် ၂ ဦး ထက် မနည်း သေဆုံးကြောင်း၊ တော်လှန်ရေးရဲဘော်များ ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဘဲ စခန်းကို အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင် ပြောက် ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ်
==============

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူများကို အကြမ်းဖက်မတရားဖမ်းဆီးနေသည့် စစ်တပ်အရာရှိ ထွန်းစည်သူကျော်၏ နှုတ်ဆက်ပွဲကျင်းပရာ စားသောက်ဆိုင်ကို မေလ ၂၆ ရက်နေ့ ည ၉ နာရီအချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် လူထိခိုက်မှု မရှိကြောင်း Mawgyun-STF က က သတင်းထုတ်ပြန်သည်။

အလားတူ ယမန်နေ့ည ၁၁ နာရီ ၃၀ ခန့်တွင် မော်ကျွန်းရဲစခန်းအနီးတွင် သွေးသစ္စာသီချင်းဖွင့်၍ ရဲများထွက် လာစေရန် မျှာခေါ်သော်လည်း စခန်းအတွင်းမှ ထွက်လာသူ မရှိသဖြင့် ထောက်ချောက်ဆင်ထားသော ဗုံးများကို ဖောက်ခွဲပစ်ခဲ့ကြောင်း၊ တိုက်ပွဲအရှိန်မြှင့်မည်ဖြစ်၍ ပြည်သူများအနေနှင့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အပေါင်းပါများ အနီးသွားလာခြင်းမပြုရန် Mawgyun-STF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုံရွာတွင် စစ်သား ၅ ဦးသေဆုံး
=================

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာ-အမြင့်လမ်း ထနောင်းတောမြောက်ရွာတွင် မေ လ ၂၆ ရက်နေ့က မြို့တွင်း ပြန်ဝင်မည့် အကြမ်းဖက်စစ်ကောင်စီ စစ် ကြောင်းမှ အင်အား ၁၂ ဦးပါ ရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ သည် ရွှေစုံ မှန်ကျောင်း တိုက် အနောက်ဘက်လမ်းပိုင်းရှိ မိုင်းကွင်းအတွင်း ဝင်ရောက်လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဝင် ၅ဦး အနည်းဆုံး သေဆုံးကြောင်း DGF (အောက် ချင်းတွင်း-မုံရွာ) မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကူလာသည့် စစ်ကားတစ်စီးကို ညောင်ပင်သာ သင်္ချိုင်းအနောက်ဘက်လမ်းပိုင်းတွင် မွန်းလွဲ ၁၂ နာရီအချိန်၌ အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားပျက်စီးသွားပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုကို အတည်ပြုဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရှိရသည်။

မိုင်းထိသွားသည့် စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း၊ ထို့အတွက် ပြည်သူများ အစစ သတိပြု ရှောင်ကြဉ်နေ ထိုင်သွားလာရန် DGF (အောက်ချင်းတွင်း-မုံရွာ) မြို့ပြပြောက်ကျားရဲဘော်များ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်များ။

Photo- Agency

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article