30 C
Yangon

သံတောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို NTDF က နှစ်ကြိမ် တိုက်ခိုက်၊ စစ်သား ၁၃ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ မေ ၂၉

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၁ စီးနှင့် ခြေလျင်စစ်ကြောင်း ၁ ခုကို ယမန်နေ့ မေလ ၂၈ ရက် တွင် သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ NTDF က တိုက်ခိုက်ရာ စစ်သား ၁၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် သံတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာဘက်သို့ ခြေလျင်ထွက်ခွာလာသော အင်အား ၄၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို ရေတာရှည် PDF ဗိုလ်ရှားလော့အဖွဲ့နှင့် NTDF တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း၊ ညနေ ၆ နာရီတွင် ကျေးကတော့ရွာမှ ရှမ်းလယ်ပြင် (အောက်) ရွာသို့ တပ်ချိန်းရန် ထွက်ခွာလာသော စစ်ကား ၁ စီးကို NTDF က တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း NTDF ဒုတိယ တာဝန်ခံ ဗိုလ်မုတ်ဆိတ်က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

အဆိုပါ ဒေသသည် ကရင်အမျိုးအသား အစည်းအရုံး KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေတွင်တည်ရှိပြီး သံတောင်ကြီးမြို့နယ် ရှမ်းလယ်ပြင် (အောက်) ရွာနှင့် ချဉ်ပေါင်တောင် (ရွာမ) တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းများ ရှိကြောင်း သိရှိရသည်။

ဦးကိုကြီး ဦးဆောင်သော သံတောင်မြောက်အထူးဒေသတပ်ဖွဲ့ NTDF သည် KNU တပ်မဟာ ၂ အတွင်းရှိ KNLA ပူးပေါင်းတပ်ဖွဲ့ ၁ ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လမှစ၍ အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲပေါင်း ၂၀ ခန့်ဖြစ်ပွားခဲ့ကာ ဗိုလ်ကြီးအဆင့် ၃ ဦးအပါအဝင် စစ်သား ၁၅၀ ကျော် ကို သုတ်သင်နိုင်ခဲ့ကြောင်း NTDF ဒုတိယ တာဝန်ခံ ဦးမုတ်ဆိတ်ထံမှ သိရှိရသည်။

ဓါတ်ပုံ – NTDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article