30 C
Yangon

စဉ့်ကူးတွင် လက်ပံလှ တိုးဂိတ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံး၊ တံတားဦးတွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ မေ ၃၀

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်းပေါ်ရှိ လက်ပံလှ တိုးဂိတ် အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို မေလ ၃ဝ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဒသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ် သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ)နှင့် အတူ ပ.က.ဖ-စဉ့်ကူဒ တပ်ဖွဲ့တို့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း တံတားဦးမြို့တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့နှင့် PDF တပ်ဖွဲ့တို့ ယနေ့ မေလ ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း၊ အခြား PDF ၁ ဦးလည်း ဖမ်းဆီးခံရကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article