28 C
Yangon

ကိုဂျင်မီ၊ ကိုဇေယျာသော် အပါဝင် တော်လှန်ရေးရဲဘော်များကို သေဒဏ်စီရင်လျှင် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် စစ်ခေါင်းဆောင်များလည်း သေဒဏ် မလွဲမသေ ပြန်ခံရမည်

Must read

အယ်ဒီတာ့အာဘော်

အကြမ်းဖက် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ပြည်သူလူထုဘက်မှ တော်လှန် တိုက်ပွဲဝင်နေသော ရဲဘော်များကို ဖမ်းဆီး၍ ဥပဒေမဲ့ သေဒဏ်ချထားမှုများစွာ လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အ သက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၂) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၃) ဦးရှိပြီဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို ဥပဒေမဲ့ သိမ်းယူခဲ့ပြီး အပြစ် မဲ့ ပြည်သူထောင်ချီကို ပုံစံမျိုးနှင့် သတ်ဖြတ်ခဲ့သည်။ ယခုအခါ လူထုဘက်တော်သား တော်လှန်ရေး ညီနောင် ရဲဘော်များကို သေဒဏ်စီရင်ရန် ထုတ် ဖော်ပြောဆိုလာခြင်းမှာ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုကို ထပ် မံစိန်ခေါ်ခြင်းပင်ဖြစ်သည်။

အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း၏ အဆိုအရ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်အတည်ပြုကြောင်း မီဒီယာများက ရေးသားကြသည်။ သေဒဏ်အတည်ပြုပြီး အကျဉ်းဦးစီးဌာနက သေ ဒဏ်ပေးလိမ့်မည်ဟု အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်းက ဆိုသည်။

ဖမ်းဆီးထားသည့် လူထုဘက်တော်သား ရဲဘော်များကို သတ်ဖြတ်ခြင်းသည် တရားမဝင် အာဏာသိမ်းစစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသတ်မှုကို စိန်ခေါ် ကျူးလွန်ခြင်းပင်ဖြစ်သည်။

လူမျိုးတုန်းသတ်ဖြတ်နေသော စစ်ကောင်စီသည် တရားမဝင် လက်နက်ဖြင့် အာဏာရယူထားသော ရာဇဝတ်လူဆိုးဂိုဏ်းသာဖြစ်ရာ လူထုဘက်တော်သားများကို သတ်ဖြတ်ပါလျှင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း၊ ခေါင်းဆောင်များ၊ မိသားစု၊ ဆွေမျိုးများ၏ အနာဂတ်လည်း အဆုံးသတ် မကောင်းနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။

မင်းအောင်လှိုင်၊ စိုးဝင်း၊ စစ်ခေါင်းဆောင်အားလုံးအနေဖြင့် လူထုဘက် တော်သားများကို သတ်ဖြတ်မည်ဆိုလျှင် တစ်ချိန်က အီရတ်အာဏာရှင် ဆဒမ်ဟူစိန်၊ လစ်ဗျား အာဏာရှင်ဟောင်း ကဒါဖီတို့ကဲ့သို့ မလှမပ သေဆုံး အဆုံးသတ်မည်ကို ကြိုတွေးထားရန်လိုပါလိမ့်မည်။

မင်းအောင်လှိုင်၊ စိုးဝင်းနှင့်စစ်ခေါင်းဆောင်များ၏ မိသားစု ဆွေမျိုးများအနေ ဖြင့်လည်း ယင်းကဲ့သို့သော အသေဆိုးသည့် အနာဂတ်ဆိုးများ ရောက်လာမည်။ ဆွေစဉ်မျိုးဆက် လူထု၏ အမုန်းတရားနှင့် ကလဲ့စားချေမှုကို ရင်ဆိုင်ရမည်။

လူထုသည် သည်းခံနေမည်မဟုတ်သကဲ့သို့ ငြိမ်ခံနေမည်လည်းမဟုတ်ပါ။ မင်းအောင်လှိုင်၊ စိုးဝင်းနှင့် စစ်ခေါင်း ဆောင်များနှင့် စစ်တပ်အသိုင်းအ၀ိုင်းအတွက် တန်ပြန်သော သေဒဏ် ပြစ်ဒဏ်များကို လူထုက မလွဲမသွေ ယူဆောင်လာမည်မှာ အသေအချာပင်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article