29.6 C
Yangon

ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီနှင့် KNLA၊ KNDO ပူးပေါင်းအဖွဲ့ကြား မေလ ၁ လအတွင်း တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃၀၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၅

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် မေလ ၁ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲ ၄၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် လက်ပါးစေ BGF တပ်ဖွဲ့ဘက်မှ ၃၀၃ ဦးသေဆုံးကာ ၂၁၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်သည်။

ကော်သူးလေနယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား မေလတွင် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KNLA ဘက်မှ ၇ ဦး ကျဆုံးကာ ၂၆ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

စစ်ကောင်စီသည် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ၊ ရှေ့တန်းစခန်းများက လက်နက်ကြီး ပစ်ခတ်ခြင်းများကြောင့် အရပ်သား ပြည်သူ ၆ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article