33 C
Yangon

စစ်ကောင်စီနှင့် ပူးပေါင်းနေသော non-CDM ဝန်ထမ်းများကို ထိထိရောက်ရောက်အရေးယူသွားမည်ဟု CDF မင်းတပ် သတိပေး

Must read

ရန်ကုန်၊ ဇွန် ၅

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေသော non-CDM ဝန်ထမ်းများကို လက်တွေ့ကျကျ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီမှ ဖွင့်လှစ်သည့် ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုရန်နှင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို တာဝန်ယူမည်မဟုတ်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် က ဇွန်လ ၃ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်ပြီး အမှန်တရားဖက် ပြည်သူနှင့် တသားတည်းရပ်တည်ရန်၊ စစ်ကောင်စီနှင့် ပူးပေါင်းနေသူများကို အရေးယူဆောင်ရွက်မည်ဟု အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း အချို့ဝန်ထမ်းများသည် အလေးထားခြင်းမရှိဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသည်ဟု CDF မင်းတပ်က ဆိုသည်။

၂၀၂၂-၂၃ ပညာသင်နှစ်မှစပြီး စစ်ကောင်စီက ဖွင့်လွှစ်မည့် ကျောင်းများတွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာများများကို ထိထိရောက်ရောက်အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် အဆိုပါ ကျောင်းများတွင် ကျောင်းအပ်နှံခြင်းမပြုရန်၊ ကျောင်းအပ်နှံခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများအပေါ် တာဝန်ယူမည်မဟုတ်ဟု CDF မင်းတပ် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

စစ်ကောင်စီလက်အောက် စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကာ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာနက မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၃၆ ရွာမှ ကျောင်းသူ၊ကျောင်းသား ၆,၂၀၀ ကျော်ကို စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများဖြင့် ပညာသင်ကြားပေးနေကြောင်းလည်း မင်းတပ် ပ.အ.ဖ ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article