29 C
Yangon

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေး ကိစ္စများ ဆွေးနွေး

Must read

ရန်ကုန်၊ ဇွန် ၉

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ann Linde တို့ ဇွန်လ ၈ ရက်နေ့ က တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။

တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာ့ဒီမိုကရေအရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရန်ကိစ္စရပ်များ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မြန်မာပြည်သူတို့၏စွန့်လွှတ်အနစ်နာခံ တော်လှန်ပေးဆပ်နေမှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေလျက်ရှိသော အကြမ်းဖက်လုပ်ရပ်များကို ဆွေးနွေးကြကြောင်း သိရှိရသည်။

မြန်မာ့ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူတို့အား အားပေးထောက်ခံလျက်ရှိကြောင်းကိုလည်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde ၏ Twitter စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde နှင့် NUG နိုင်ငံခြားရေးဝန် ကြီးတို့ တွေ့ဆုံစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article