30 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၀ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-တစ်နိုင်ငံလုံးကို မီးရှို့နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မေလအတွင်း နေအိမ်အဆောက်အအုံပေါင်း ၇၁၄၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်တစ်ခုတည်း ၆၀၁၄ လုံးအထိ့ရှိခဲ့တယ်လို့ မီးရှို့ခံရတဲ့ ပြည်သူ့နေအိမ်အချက်အလက်တွေကို စုစည်းဖော်ပြပေးနေတဲ့ Data For Myanmar ကထုတ်ပြန်ပါတယ်။
– စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ချောင်းမီးတိုကျေးရွာကို အကြမ်းဖက်စစ်တပ်က ဇွန်လ ၉ ရက်နေ့ ညနေ ၆ နာရီ လောက်မှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုပါတယ်။
– ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အထက်လက်မွန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ CDF ကန်ပက်လက်ပူးပေါင်းတပ်ဖွဲ့ကြား ဇွန်လ ၉ ရက်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၉ ဦး သေဆုံးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article