29 C
Yangon

ကသာတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်သား ၂၀ ဦးထက်မနည်း သေ ဆုံး၊ ကန့်ဘလူ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၇ ဦးသေဆုံးပြီး PDF ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် စစ် ကြောင်း များကို ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ကသာ ပကဖနှင့် ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၉ ရက်နေ့တွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကသာ ပကဖ အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၉ ရက်နေ့မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်တွင် ကသာမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကား ၃ စီးပါ ယာဉ်တန်းကို လမ်းခွ အနီး ကသာခရိုင် PDF တပ်ရင်း – (၁) ဗိုလ်ဇာမနည် ခေါင်းဆောင်သော ကသာ PDF တပ်ခွဲနှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်သော်လည်း မိုင်းများ ပေါက်ကွဲခြင်း မရှိသောကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် ၈ မိုင်‌နေရာတွင် ကသာခရိုင် PDFရင်း-(၁) အထူးတပ်ခွဲက လမ်းဘေး နှစ်ဖက်ခွဲပြီး RPG ၂ လက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား ၁ စီးကို ထိမှန်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ကသာမြို့ထဲမှ လူနာတင်ကားများဖြင့် စစ်သား အလောင်းများ တင် ဆောင်သွားကြောင်း သိရသည်။

ထို့ပြင် ကသာမြို့ အထက်ဘက် ဝဲကြီးအုပ်စု ကျောက်ဖြူ ချောင်းနား တစ်ဝိုက်တွင်လည်း ဗိုလ်ကံ ဉီးဆောင်သော (ကသာ ပကဖ) – (မိုးတားတိုက်နယ်တပ်ခွဲ ) နှင့် ပူးပေါင်းတပ်များက မိုင်းကွင်းထဲ ဝင်လာသည့် စစ်တပ် စစ်ကြောင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း သိရသည်။

ဇွန်လ ၇ ရက်နေ့ကလည်း အရှေ့ဘက်ကမ်း သုံးမြေဆုံတွင် သင်္ဘော လုံခြုံရေးယူ ထားသော စစ်တပ် စစ်ကြောင်းကို ကသာမြို့နယ်-ပကဖက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ကသာ ပကဖ အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် တိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း KB 2 – ကန့်ဘလူခရိုင်တပ်ရင်း ၂ ထံမှ သိရသည်။

ဇွန်လ ၈ ရက်နေ့တွင် အလယ်ခုံရွာ အနီး၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကန့်ဘလူခရိုင်တပ်ရင်း ၂ မှ လက် နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသောကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သော စစ်ကြောင်းကို ကူညီရန် ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များကို နံနက် ၈ နာရီခန့်တွင် တပ်ကုန်းရွာအနီး၌ ကန့်ဘလူ ခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်ရင်း(၂)၊ လင်းယုန်နီ ကန့်ဘလူ၊ ကျွန်းလှမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်၊ ဒေသခံ ပ.က.ဖ များ၊မဟာ မိတ် ပူးပေါင်းအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ကျွန်းလှမှ ချပ်သင်းသို့ စစ်ကူထွက်လာသော စစ်ကား ၆ စီးပါ ယာဉ်တန်းကို ဖလားရကျေးရကျေးရွာ အနီးတွင် မဟာမိတ် တပ်ပေါင်းစုများမှ စောင့်ကြို တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများ ရှိသော်လည်း အရေ အတွက် အတည်မပြုနိုင်သေးကြောင်းနှင့် ကန့်ဘလူခရိုင်တပ်ရင်း ၂ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်သည် ချပ်သင်းဒေသရှိ အောက်တဲရွာကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကာ ကိုးတောင်ဘို့၊ ချပ်သင်း၊ ချပ်ကြီး၊ ပင့်သာဒေသရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ပြည်သူ ၂ သောင်း ကျော်သည် စစ်ဘေးရှောင်များ အဖြစ် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ရိက္ခာနှင့် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။ Photo-AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article