31 C
Yangon

အင်းတော်တွင် KIA၊PDF ပူးပေါင်းတပ်နှင့် စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၄ ဦး ထက်မနည်း သေဆုံး၊ ကောလင်းတွင်လည်း စစ်ကား မိုင်းဆွဲ တိုက်ခိုက် ခံရ ပြီး ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ဇွန်လ ၁၈ ရက်နှင့် ၂၀ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် KIA၊ ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသ ကာကွယ် ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အင်းတော် ဒေသကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၈ ရက်နေ့တွင် အင်းတော်မြို့နယ် အောင်းကုန်းရွာနှင့် မော်တိတ် ဒေသ အနီး တစ်ဝိုက်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA၊ ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကာ စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန် လည် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် တောထဲတွင် စစ်ရှောင်နေသည့် ကလေး ငယ် ၄ ဦးနှင့် လူကြီး ၁ ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၀ ရက်နေ့တွင်လည်း အောင်းကုန်းရွာနှင့် မော်တိတ်ဒေသအနီး တစ် ဝိုက် တွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးထက်မနည်း သေဆုံး ကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် မြောက်ဘက် သံလမ်း ကုန်းကျော်အနီးတွင် ဇွန်လ ၂၁ ရက်နေ့၌ စစ်ကား ၁ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ် များထံမှ သိရသည်။

ဓာတ်ပုံ-KIA PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article