33 C
Yangon

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်တပ် သတင်းပေးဟု စွပ်စွဲသတ် မှတ်ခံရသူ ၁ ဦး ဓားဖြင့် အထိုးခံရပြီး သေဆုံး၊ တောင်သာ တံတားကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၉

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အောင်ချမ်းအေး ရပ်ကွက် ၃၆လမ်း ၊၇၁-၇၂လမ်းကြားရှိ ရွှေရည်ဝင်း ခေါင်ရည်ဆိုင်တွင် စစ်တပ် သတင်းဟု သတ် မှတ်ခံရသော ဆီးဂဲလ် ဆိုသူကို ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်တွင် အမည်မသိ လူတစ်စုက ဓားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သေဆုံး သွား ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” မနေ့ ည ၈ နာရီ ၃၅ မိနစ် လောက်က ဖြစ်သွားတာ သူက စခတွေကို ရပ်ကွက်ထဲ တစ်ခုခု ဖြစ်တိုင်း အကြောင်းကြား လေ့ရှိသူပါ။ အဲဒါကြောင့် မနေ့ ည ခေါင်ရည် ဆိုင်တွင် အသတ်ခံလိုက်ရပါတယ်။ သူ့ကိုရှင်းလင်းသူ တွေက သေနတ်ပြပြီး သေနတ်နဲ့မပစ်ဘဲ ဓားနဲ့သာရှင်းလင်းသွားပါတယ်။ သေဆုံးသူ အမည်က ဆီးဂဲလ်လို့ သိရတယ်။ အမည်ရင်းတော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓားဖြင့် တိုက်ခိုက်ခံရသူ ပွားကြီး(ခ)ဆီးဂဲလ်၏ ဦးလေးဖြစ်သူသည် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်ပြီး တူဖြစ်သူ အသတ်ခံရသည့် နာရေးကို လာရောက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၂၉ ရက်နေ့ တွင် မန္တလေး တိုင်း ၊ တောင်သာမြို့နယ်၊ တံတား ကျေးရွာ ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပျူ မောင်နိုင်သည် ကျေးရွာ အတွင်း သေနတ်ပစ်ဖောက်ရမ်းကားပြီး ရပ်ရွာလူထူအပေါ် ခြိမ်းခြောက်ခြင်း များ အကြိမ်ကြိမ်ပြုလုပ်နေသဖြင့် မြေလတ်-PDF MGN District၊ Seven People Defense Force၊ TTA-ပြောက်ကျားတပ်(တောင်သာ)၊ Natogyi Regional Defence Force၊ 27 Revolution Forces (မြင်းခြံ) တို့က ပစ် ခတ်ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ပွိုင့်(22)သေနတ်တစ်လက်နှင့် လက်ပစ်ဗုံး တစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ- ဓါးဖြင့်တိုက်ခိုက်ခံရပြီး ​သေဆုံးသူ ဆီးဂဲလ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article