39 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၉ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်၊ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တိုက်ခိုက်နေတဲ့ KNDO နှင့် PDF ပူးပေါင်း တပ်တွေကို စစ်တပ်က တိုက်လေယာဉ်တွေ အသုံးပြု ခုခံနေရာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီရဲ့ တိုက် လေယာဉ် တစ်စင်း ဗုံးကျဲ ပြီး အပြန် အင်ဂျင်ထဲ ငှက်ဝင်လို သုံးမရအောင် ပျက်စီးသွားတယ်လို လေတပ် သတင်းရင်းမြစ် Operation Spitfire က ပြောပါတယ်။
-ချင်းပြည်နယ်၊ မင်းတပ်မြိုနယ်မှာ ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်တွေ နဲ့ CDF မင်းတပ်တို တိုက်ပွဲ ပြင်းထန်နေတယ်လို သိရပါတယ်။

  • မင်းအောင်လှိင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီး တွေကိုနဲ့ တိုက်ခိုက်မှုတွေကြောင့် ပဲခူးတိုင်း၊ ကျောက်ကြီး နဲ့ မုန်းမြိုနယ်တွေမှာ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို KNU ကရင်အမျိုးသားအစည်းအရုံးက တရားဝင် သတင်းထုတ် ပြန်ထားပါတယ်။
  • ဧရာ၀တီတိုင်း၊ မြန်အောင်မြိုနယ်မှာ ဇွန်လ ၂၉ ရက်နေ့ ဒီကနေ့ မနက် ၉ နာရီကျော်လောက်မှာ Red Dragon Revolution Force (နဂါးနီတော်လှန်ရေးတပ်ဖွဲ)က မြန်အောင်မြိုနယ်၊ကနောင်မြို၊အမှတ် (၂) ရပ်ကွက် လမ်းမပေါ်မှာ ရဲတစ်ဦး တွေ့ရှိတဲ့အတွက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article