30 C
Yangon

ယမန်နေ့ ဗန်းမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး ဖမ်းဆီးရမိသော စစ်သုံ့ပန်းစစ်သားများကို ဆေးဝါး ကုသပေးထားဟု NUG ထုတ်ပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၁ 

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး ဖမ်းဆီးရမိသော စစ်သုံ့ပန်း စစ်သားများကို ကောင်းမွန်စွာ ဆေးကုသပေးထားကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန်လ ၃၀ ရက်နေ့ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် တစ်နေရာတွင် စကစတပ်သားများနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်တပ်ပေါင်းစုများကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စကစတပ်သား ၂၀ ကျော်သေ ဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

ကာကွယ်ရေးဝန်ကြီးဌာနက စစ်သုံ့ပန်း ဖမ်းဆီးရမိသည့် အရေအတွက်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း ဗန်းမောက်တော်လှန်ရေးကွန်ရက်က ယခင်ရက်များက ထုတ်ပြန်မှုအရ အနည်းဆုံး ၁၁ ဦးထက်မနည်းသော စစ်သားများကို အရှင်လက်ရ ဖမ်းဆီးရမိထားကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- NUG က ထုတ်ပြန်သည့် ဒဏ်ရာရ စစ်သုံ့ပန်း စစ်သားတစ်ဦးကို ဆေးကုသပေး နေသည့်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article