34 C
Yangon

အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် ထိုင်းဘက်ကို ကျူးကျော်မှုအပေါ် မတုံ့ပြန်ဘဲ တောင်းပန်ပြီးဖြစ်၍ ပြဿနာမဟုတ်ဟု ပြောဆိုသော ထိုင်းဝန်ကြီး ချုပ်ကို ထိုင်းပြည်သူများ လှောင်ပြောင်

Must read

ရန်ကုန်၊ ဇူလိုင် ၁

ထိုင်းနိုင်ငံအတွင်းသို့ ဇွန်လ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက် လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်မှုအတွက် မြန်မာဘက်က တောင်းပန်ထားပြီးဖြစ်၍ ပြဿနာမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ပြောဆိုလိုက်မှုကို ထိုင်းပြည်သူများက လှောင်ပြောင်လျက်ရှိနေကြောင်း သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်က စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ရည်ရွယ် ချက်ရှိရှိ ကျူးကျော်ခြင်းမဟုတ်ဘဲ မြန်မာဘက်ကလည်း တရားဝင် တောင်းပန်ပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းရှိပြီးသားဖြစ်ကြောင်း ပြောဆိုသည်။

“မြန်မာနိုင်ငံနဲ့ ဆွေးနွေးတဲ့အခါမှာ သူတို့ဘက်က ကျူးလွန်ကြောင်း ဝန်ခံပါတယ်။ သူတို့ဘက်က တောင်းပန်တယ်။ ပြဿနာတက်ဖို့ မရည်ရွယ်ကြောင်း ပြောပါတယ်။ တိုက်လေယာဉ်က စက်ဝိုင်းကို လှည့်ရတာမို့ ထိုင်းဘက်ကို နည်းနည်း ဝင်မိတယ်။ ဒါက ပြဿနာကြီးကြီးမား မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ ဆက်ဆံရေးကောင်းတွေရှိပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ပြောဆိုကြောင်း သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်သည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လေပိုင်နက်ကို မကာကွယ်နိုင်သော လုပ်ရပ်၊ ဦးနှောက်မရှိသော လုပ်ရပ် ၊ မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ထိုင်းပြည်သူတစ်ဦး၏ ကားနှင့် ကြောက်လန့်နေရသော ထိုင်း ပြည်သူများနှင့် ကလေးငယ်များအတွက် အားနည်း တာဝန်မယူသော လုပ်ရပ်အဖြစ် ထိုင်းပြည်သူများက ၀ိုင်းဝန်း လှောင်ပြောင်မှုများ လူမှုကွန်ရက်တွင် ပြောဆိုနေကြသည်။

ထိုင်းပြည်သူတစ်ဦးက “ငှက်ပျောသီးခေါင်းနဲ့ လူ” ဟု ထိုင်းဝန်ကြီးချုပ်ကို လှောင် ပြောင်ပြီး အခြားထိုင်းပြည်သူများကလည်း အချုပ်အခြာအာဏာကို ကာကွယ်ရန် အားနည်းမှုအဖြစ် ဝေဖန်မှုများ လူမှုကွန်ရက်တွင် တရှိန်ထိုးမြင့်တက် လာလျက်ရှိနေသည်။

ထိုင်းပိုင်နက်ကို ကျူးကျော်မှုအပေါ် ပြဿနာမဟုတ်ဟု ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်ကို ထိုင်းပြည်သူအများစုက နားမလည်နိုင်အောင် ဖြစ်ရကြောင်း လူမှုကွန်ရက်တွင် မှတ်ချက်များ ရေးသားနေကြသည်။

ထိုင်းဝန်ကြီးချုပ်၏ မှတ်ချက် သတင်းဖော်ပြသော သတင်းဌာနများ၏ သတင်းများအောက်တွင် ထိုင်းပြည်သူများက ဟဟများ ပေးခြင်း စိတ်ဆိုးသည့် အမူ အရာများဖော်ပြခြင်း၊ လှောင်ပြောင်သော မှတ်ချက်များ ရေးသားခြင်းများ လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

ထိုင်းသတင်းဌာနဖြစ်သော Thairath သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်သတင်းကို ဖော်ပြပြီး နာရီဝက်အတွင်း ထိုင်းပြည်သူ ၂၅၀၀ ကျော်က ထိုင်းဝန်ကြီးချုပ်ကို မေးခွန်းထုတ်သော မှတ် ချက်များ ရေးသားဝေဖန်မှုများ ပြင်းထန်လျက်ရှိနေသည်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်သည် ထိုင်းစစ်တပ်၏ ဗိုလ်ချုပ်ကြီးဘ၀ဖြင့် ထိုင်းနိုင်ငံတွင် အာဏာသိမ်းယူခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဝန်ကြီးချုပ်ဖြစ်ပြီး ထိုင်စစ်တပ် စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေဖြင့် ရွေးကောက်ပွဲကျင်းပကာ ဝန်ကြီးချုပ် အဖြစ် ဆက်လက် အုပ်ချုပ်နေသူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article