30 C
Yangon

မဘသ၊ စစ်တပ်အမာခံ၊ အမျိုးသားရေးအစွန်းရောက်နှင့် MNO ဥက္ကဋ္ဌ တင့်လွင် မြောက်ဥက္ကလာတွင် ပစ်ခတ်ခံရပြီး အပြင်းအထန်ဒဏ်ရာရ၊ ကျည် ၃ ချက်ထိထား၍ စိုးရိမ်ရဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁ 

စစ်တပ်အမာခံ၊ ဘာသာရေးနှင့် အမျိုးသားရေး အစွန်းရောက် ဖြစ်ပြီး Myanmar National Organization MNO ဥက္ကဋ္ဌ တင့်လွင်သည် ယနေ့ မြောက်ဥက္ကလာပတွင် ပစ်ခတ်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရရှိကာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။ 

ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ခရပ်ကွက် မေယု ၄ လမ်းတွင် တင့်လွင် အပစ်ခတ်ခံရခြင်းဖြစ်ပြီး တင့်လွင်သည် ယခင်က သာကေတတွင် နေထိုင်ရာမှ မြောက်ဥက္ကလာပတွင် ပုန်းရှောင် နေထိုင်လျက်ရှိကြောင်း၊ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာဖြင့် ထွက်ပြေးကြောင်း၊ ယင်းနောက် ဆေးရုံသို့ တင်ပို့ထားပြီး လက်ရှိတွင် စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

“ဒဏ်ရာကတော့ ၂ ချက် ၃ ချက်ထိထားတယ်။ သွေးတွေနဲ့ ထွက်ပြေးတာ။ သေမယ်ထင်တယ်။ သွေးတွေ အိုင်နေတာပဲ” ဟု မြောက်ဥက္ကလာပဒေသခံတစ်ဦးက ပြောဆိုသည်။ 

စစ်တပ်အမာခံ ထောက်ခံသူများ၊ မဘသနှင့် အမျိုးသားရေး လှုပ်ရှားသူအများစု၏ လူမှုကွန်ရက်များတွင် တင့်လွင် ပစ်ခတ်ခံရမှု သတင်းများကို ဝေမျှထားသည်ကိုလည်း တွေ့မြင်ရသည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် တာမွေ ငြိမ်းချမ်းရေးနှင့် စစ်ဆန့်ကျင်ရေး ပြည်သူများ၏ ဆန္ဒပြပွဲကို ဆဲဆို နှောင့်ယှက် ရိုက်နှက်ခဲ့သည့် တင့်လွင်(အင်္ကျီပန်းရောင်၊ လွယ်အိတ်အဖြူ)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article