30 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၂ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်းအနီးကို စစ်တပ်က လေယာဉ်နဲ့ ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီက ဗုံးကျဲခဲ့တဲ့အတွက် ပြည်သူ ၂ ဦး သေ ဆုံးပြီး ဒဏ်ရာရသူများရှိခဲ့တဲ့အပြင် မြစ်ကမ်းနားနေ ထိုင်းပြည်သူတွေလည်း ထွက်ပြေးရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဝက်လက် GZ အဖွဲ့မှ PDF ရဲဘော် ၉ ဦး ဇွန်လ ၂၉ ရက်နေ့က အကြမ်းဖက်စစ် ကောင်စီ က ဖမ်းဆီးသတ်ဖြတ်လိုက်ပါတယ်။ မိန်းကလေး ၄ ဦး ၊ ယောက်ျားလေး ၅ ဦးပါ အဖွဲ့ဖြစ်ပြီး ဆေးဝါး ကုသမှု သင်တန်းသွားဖို့ အောင်စည်ကျေးရွာကို အသွားမှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဝက်လက် GZ အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကို GZ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဥကရစ်ထစခန်းကို စစ်ကူပေးဖို့ စစ်ကောင်စီတပ်က ကြိုးပမ်းနေချိန် စစ်ကောင်စီရဲ့ တိုက်လေယာဉ်က ကျဲချလိုက်တဲ့ဗုံးဟာ ၎င်းတို့ရဲ့ တပ်သားတွေအပေါ် ကျရောက်ပြီး သေဆုံးစေခဲ့တယ်လို့ KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက ဗီဒီယိုနဲ့တကွ သတင်းထုတ်ပြန်လိုက်ပါတယ်။

– ရန်သူစစ်တပ်ရဲ့ နေ့စဥ်ရက်ဆက် ဆိုးရွားလွန်းလှတဲ့ တရားမဲ့လုပ်ရပ်တွေကို လုံးဝသည်းမခံနိုင်တော့တဲ့ လူငယ်တွေ စုပေါင်းကာ  “သူပုန်တွေလာပြီဟေ့” စာတန်းပါ ဘန်နာအား ကိုင်စွဲကာ အကြမ်းမဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article