27 C
Yangon


ပြည်သူ ၂ ဦး သေဆုံးစေခဲ့သော မင်းတပ်မြို့၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို စစ်တပ်တိုက်လေယာဉ် ၂ စီး၏ဗုံးကျဲတိုက်ခိုက်မှု မြင်ကွင်းများ

Must read

ရန်ကုန်၊ ဇူလိုင် ၂

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂စီးဖြင့် ယနေ့ ဇူလိုင်လ ၂ ရက် ၁၁ နာရီဝန်းကျင်တွင် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ချပ်ရွာရှိ အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်ပြီး အခြား ဒဏ်ရာရသူများလည်း ရှိကြောင်း မင်းတပ် ပ.အ.ဖ ထံမှ သတင်းရရှိသည်။

“စကစတွေ ဗုံးကျဲတာက တိုက်လေယာဉ်နဲ့ပေါ့နော်၊ အပြာရောင် တိုက်လေယာဉ် ၂ စီး နိမ့်နိမ့်လေး လာပြီးမှ ၁၁နာရီ ၁၅ မိနစ်လောက်မှာ ၃ ကြိမ် လာကျဲသွားတယ်။ နောက်တကြိမ် ပြန်ကွေ့လာပြီး ပြန်ကျဲတယ်ပေါ့နော်၊ ချပ်ရွာစာသင်ကျောင်းနဲ့ ဘုရားကျောင်းနားမှာ ကျတယ်။ အဲဒီမှာ လူတွေ ထိတယ်၊ သေဆုံးတာတွေရော ဒဏ်ရာရတာတွေရော ရှိတယ်။ နောက်တကြိမ် ဆွန်တောင်ရွာဘက်ကို ကျဲတယ်၊ ဒါပေမယ့် တောထဲ ချောက်ထဲကို ကျတယ်ပေါ့နော်။ချပ်ရွာမှာ ကျဲသွားတာ လောလောဆယ် သိရတာတော့ ၂ ဦးသေဆုံးတယ်၊ ၂ ဦး ဒဏ်ရာရတယ်၊ အခြား အသေးစား ဒဏ်ရာရတဲ့သူတွေကတော့ များတယ်။ လေး၊ ငါး၊ ဆယ်ယောက်လောက် ရှိမယ်ပေါ့နော်။ ဒါ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး၊ အရပ်သားပြည်သူကို ဦးတည်တဲ့ သဘောမျိုးပေါ့” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ ဆလိုင်းယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ယခု တိုက်ခိုက်မှုသည် အပြစ်မဲ့ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူး လွန်ကြောင်းနှင့် အရပ်သား တိုင်းရင်းသား ပြည်သူများကို ပစ်မှတ်ထားကျူးလွန်သော စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယနေ့ စစ်တပ်တိုက်လေယာဉ်၏ ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော မင်းတပ်မှ ပြည်သူပိုင်အိမ်များ။  

Photo- Ling Yaw Law Thang FB ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article