28 C
Yangon

လှိုင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်တချို့ကို 7J/5050 တိုယိုတာ ဘယ်လ်တာ ကား အဖြူရောင်ဖြင့် ဝင်တိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ယနေ့ ညနေ ၃ နာရီခွဲအချိန် 7 july နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြစဉ် ဆန္ဒပြလူငယ်တချို့ကို 7J/5050 အဖြူရောင် တိုယိုတာ ဘယ်လ်တာကားဖြင့် ဝင်တိုက်မှု ဖြစ်ပွားပြီး လူငယ် ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“အိမ်စီးကားအဖြူ 7j5050။ ဆန္ဒပြနေတုန်းစက္ကန့် ၂၀ လောက်မှာ အနောက်ကနေ အိမ်စီးကားက အသံဗုံးလိုမျိုးယူဆရတဲ့ဟာကားပေါ်ကနေပစ်ချပြီး လူကို တိုက်ချပြီး မောင်းသွားပါတယ်။ နှစ်ဦး ခန့်မှန်းခြေဒဏ်ရာရပါတယ်။ ‌ ဖြစ်စဉ် အတိကျတော့မသိရသေးဘူးဗျ။ အတိကျသိရရင်ပြန်ပြောပေးပါ့မယ်။ အခြေ အနေထူးခြားရင် ပြန်ပြောပေးပါ့မယ်” ဟု အဆိုပါ သပိတ်တွင် ဦးဆောင်ပါဝင်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်သပိတ်အင်အားစုပါဝင်သူ အခြားလူငယ်တစ်ဦးကလည်း အိမ်စီးကားဖြင့် ဝင်တိုက်သည်ကို အတည်ပြုပြီး အသေးစိတ်မသိရှိရသေးကြောင်း၊ လက်ရှိတွင် လှိုင်ဘက်တွင် စစ်ကောင်စီဘက်မှ စစ်တပ်နှင့်ရဲများ ရောက်ရှိနေကြောင်း၊ သုခလမ်းမှတ်တိုင် အများအပြားတွေ့ရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- အိမ်စီးကားဖြင့် ဝင်တိုက်စဉ် မြင်ကွင်း။ Photo- AAMIJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article