31 C
Yangon

မုံရွာတွင် စစ်သားဇနီး ၊ ပျူစောထီး သင်တန်းဆင်းများ စုစုပေါင်း ၆ ဦး ရှင်းလင်းခံရ၊ ကြို့ပင်ကောက်နှင့်ပျော်ဘွယ်တွင်လည်း ရာအိမ်မှူးနှင့်စစ်တပ်ထောက်ခံသူများ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အကြမ်းဖက် စစ်တပ်မှ စစ်သည်ဇနီး အမျိုးသမီး ၁ ဦးအပါအဝင် ပျူစောထီး သင်တန်း ဆင်းလာသူ ၆ ဦးကို မုံရွာ UG တပ်ပေါင်းစုက ဇူလိုင်လဆန်းပိုင်းအတွင်း ဖမ်းဆီး ရှင်းလင်းခဲ့ကြောင်း မုံရွာခရိုင် UG တပ်ပေါင်းစု ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ဖမ်းဆီး ရှင်းလင်းခံရသူများသည် မုံရွာခရိုင်အတွင်းရှိ PDF လူငယ်များ၏ ပုံများဖြင့် စစ်တပ်ကို လမ်းပြ လုပ်ဆောင်ကာ သတင်းပေး ဆက်သွယ်ခြင်း၊ စစ်တပ်နှင့် ဆက်သွယ်ထားသော ဖုန်းနံပါတ်များလည်း တွေ့ရှိသောကြောင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။

” မိုင်းတပ်ပြီး ခွဲလိုက်တဲ့ တစ်ကောင်က ပျူစောထီးပါ။ သူကလည်း လမ်းပြအဖြစ်လုပ်ဆောင်ပါတယ်။ စစ်သား မိန်းမကလည်း ထိုနည်းတူစွာ လမ်းပြလုပ်ပါတယ်။ PDF ကလေးတွေရဲ့ ပုံတွေကို စစ်ခွေးတွေကိုပြပါတယ်။ သူတို့ ဖုန်းတွေထဲက စစ်ခွေးတွေရဲ့ ဖုန်းနံပါတ်တွေ အကုန်ပါပါတယ်။ ကျန်တဲ့ကောင်တွေကလည်း လမ်းပြလုပ်တယ်။ ဖော်ကောင်လုပ်တယ်။ ပျူသင်တန်းဆင်း ဒလန်ကောင်တွေပါ။ အကုန်လုံးကို ကျွန်တော် ဗိုလ်တိုက်ဂါးနဲ့ YGA PDF၊ FFP PDF အဖွဲ့တွေပူးပေါင်း ဖမ်းဆီး စစ်ဆေးပြီး လုပ်ဆောင်သင့်တာကိုလုပ်ဆောင်လိုက်ပါတယ်”ဟု မုံရွာခရိုင် UG တပ်ပေါင်းစု ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောဆိုသည်။

အဆိုပါ စစ်သည်ဇနီး အမျိုးသမီး ၁ ဦးအပါအဝင် ပျူစောထီး သင်တန်းဆင်းလာသူ ၆ ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့သော ပြည်သူ ၃ ဦးရှိပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် သေဆုံးသွားသူများသည် အမှန်တကယ်ပျူစောထီး ဟုတ်၊ မဟုတ်ကို မြေပြင်သို့ ကွင်းဆင်းအတည်ပြုနိုင်ခြင်း မရှိပေ။

လက်ရှိချိန်တွင် မုံရွာခရိုင် တပ်ပေါင်းစု အနေဖြင့်အကြမ်းဖက် စစ်တပ် စစ် ကြောင်းများဖြင့်ပါ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကျည်ဖိုးများ လိုအပ်နေပြီး ကျည်တစ်တောင်ကို ၈ ထောင်ခန့် ပေးဆောင်နေရကာ လက်နက် တပ်ဆင်ရန် အတွက် ငွေကြေး အခက်အခဲများလည်း လိုအပ်လျက်ရှိနေပြီး ပြည်သူများအနေဖြင့် Monywa Generation Tigers အဖွဲ့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ဗိုလ်တိုက်ဂါးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု ၊ ကိုင်းတောစုကျေးရွာ တွင် စစ်ကောင်စီခန့် ရာအိမ်မှူးတင်မောင်လွင်နှင့်ဇနီးသည် ကျေးရွာနေပြည်သူလူထု အပေါ် မောက်မာရိုင်းစိုင်းစွာဖြင့် ဖိနှိပ်အုပ်ချုပ်နေခြင်း၊ PDF သတင်းများကို စုံစမ်းထောက်လှမ်းပြီး PDF ဆက်သွယ်သူများအား ဒုက္ခပေးခြင်း၊ စစ်တပ် သတင်းပေးခြင်းများ လုပ်ဆောင်သဖြင့် ဇူလိုင် ၉ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ က စစ်ရေးပြစ်မှတ်အဖြစ် ပစ်ခတ်ရာ သေဆုံးသွားကြောင်း PDF၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ပျော်ဘွယ်မြို့နယ် ရွှေပြည်ရန်အောင်ရပ်ကွက် တွင် နေထိုင်သော စစ်တပ်သတင်းပေးဟု နာမည်ကြီးသူ ဝင်းကြိုင်(ခေါ်)မီးခဲ ၏ ဇနီး ယာဉ်ယာဉ်အေး ယမန်နေ့ ည ၇ နာရီ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဝင်းကြိုင်(ခေါ်)မီးခဲ သည် ပျော်ဘွယ် မြို့ပေါ်တွင် ဒလန်သတင်းပေးဟုနာမည် ကြီးနေသူဖြစ်ပြီး မြို့နေပြည်သူများကို နိုင်ငံရေး လှုပ်ရှားသော စစ်တပ်ဆန့်ကျင်သူများအဖြစ် ပုံဖော်ရေးသားပြီး စစ်တပ်ကို သတင်းပေးမှု လုပ်ဆောင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုံရွာတွင် ရှင်းလင်းခံရသော ပျူစောထီးတစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article