29.6 C
Yangon

ခန္တီးခရိုင်တွင် NUG အစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေး စတင်နေပြီဖြစ်၍ စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ရာထူး နုတ်ထွက်ရန် နှင့် တာဝန်ကျရာ နယ်မြေမှ စွန့်ခွာရန် သတိပေးချက် ထုတ်ပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း ခန္တီးခရိုင်တွင် ပြည်သူ့အုပ်ချုပ်ရေးများ စတင်နေခြင်းကြောင့် အကြမ်း ဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေး တာဝန်ယူထားသူ အားလုံး ရာထူးနှင့် တာဝန်ကျရာ နယ်မြေများမှ စွန့်ခွာရန် ခန္တီးခရိုင် ပြည်သူ့ကာ ကွယ်ရေး အဖွဲ့မှ ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းအတွင်း NUG အစိုးရသည် ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်းပေးလျက် ပြည်သူ့အုပ်ချုပ်ရေး ယန္တယားများ စတင်လည်ပတ်လျက်ရှိပြီး အကြမ်းဖက် စစ်တပ် လက်အောက်တွင် တရားမဝင် တာဝန်ထမ်းဆောင် လျက်ရှိသော အဆင့်ဆင့်သော အုပ်ချုပ်ရေး တာဝန်ယူနေသူ အားလုံးသည် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ပြီး ၁၀ ရက်အတွင်း ရာထူးတာဝန်မှ စွန့်ခွာကြရန်၊ တာဝန်ကျရာ နယ်မြေမှ စွန့်ခွာကြရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

အဆိုပါ ညွှန်ကြားချက်ကို လိုက်နာ ဆောက်ရွက်ခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ် ယန္တယားတွင် ကိုယ်တိုင်ပါဝင်က ပြည်သူ့ အသက် အိုးအိမ်၊ စည်းစိမ်များကို နှောင့်ယှက် ဖျက်ဆီးသူများဟု မှတ်ယူကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ အပါအဝင် တည်ဆဲ ဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် အဆုံးတွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article